Wednesday, July 29, 2020

အမေရိကန်နိုင်ငံသည် နိုင်ငံတကာအမိန့်များကိုအကြီးမားဆုံးချိုးဖောက်သူဖြစ်လာကြောင်း တရုတ်မှပြောကြား

ရွေးကောက်ပွဲအနိုင်ရရန်အတွက် တရုတ်နိုင်ငံအပေါ်ဖိနှပ်မှုများပြုလုပ်ရန်နှင့် ၎င်းတို့၏ အာဏာကြီးစိုးမှုအတွက်ကြိုးစားနေသည့် အမေရိကန်ရှိ နိုင်ငံရေးသမား အုပ်စုငယ်တစ်ခုသည် နိုင်ငံတကာ၏အမိန့်များနှင့် စည်းမျဉ်းများကို အကြီးမားဆုံး ချိုးဖောက်သူဖြစ်လာကြောင်းနှင့်ပတ်သက်၍ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး Wang Yi မှ ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြင်သစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး Jean- Yuves Le Drian နှင့် ဆွေးနွေးစဉ်ပြောကြားခဲ့ပြီး အမေရိကန်၏ဝင်ရောက် ကြီးစိုးနေမှုများကိုတရုတ်မှ ဝေဖန်ပြစ်တင်ခဲ့ပါသည်။
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မှ တရုတ်နိုင်ငံ၏ Social system နှင့် တရုတ်ပြည်သူများမှ တရုတ်နိုင်ငံကွန်မြူနစ်ပါတီခွဲထွက်ရေးကြိုးပမ်း နေမှုများအပေါ်အပြစ်တင်ဝေဖန်ခဲ့ပါသည်။ အဆိုပါမှတ်ချက်များအပေါ် ဝမ်မှ Pompeo ၏ မှတ်ချက်များသည် ကမ္ဘာကြီးအားစစ်အေးကာလသို့ ပြန်လည်ဆွဲခေါ်နေ ကြောင်း၊ မတူညီသောနိုင်ငံရေးသဘောတရားများအကြား ထိပ်တိုက်တွေ့ဆုံမှုကို အစ ပျိုးပေးရန်ရည်ရွယ်နေခြင်းဖြစ်ကြောင်း Wang မှ ပြောဆိုခဲ့ပါသည်။
အကယ်၍အမေရိကန်နှင့် တရုတ်နိုင်ငံအကြားဆက်ဆံရေးမှာပဋိပက္ခ ဘက်သို့ ပြောင်းလဲသွားမည်ဆိုပါက လူသားများအားလုံး၏ ကံကြမ္မာမှာ အန္တာရာယ်ရှိလာနိုင် ကြောင်း အကြပ်အတည်းကာလအတွင်းကမ္ဘာနိုင်ငံများကို Wang မှ သတိပေးခဲ့ပါ သည်။
နိုင်ငံရေးသမားအချို့မှ ပြုလုပ်ထားသော “America First” ကြေွးကြော်သံ ဆောင်ပုဒ်သည် အမေရိကန်၏တစ်ဖက်သတ်ဝါဒ၏ရည်ရွယ်ချက်ကို ထင်ဟပ်ကြောင်း Wang မှ ပြောဆိုခဲ့ပါသည်။ သမ္မတ Trump ၏ အုပ်ချုပ်မှုအောက်တွင် နိုင်ငံတကာမှ သုတေသီများနှင့် အမေရိကန်မှခွဲထွက်ခဲ့သောအဖွဲ့အစည်းအရေအတွက်များမှာ အရင် အချိန်များထက် တိုးလာကြောင်း Wang မှ ပြောခဲ့ပါသည်။
အမေရိကန်နိုင်ငံသည် နိုင်ငံတကာအမိန့်ကို အကြီးမားဆုံးချိုးဖောက်ဖျက်ဆီး သူဖြစ်လာခဲ့ကြောင်း ၊ အမေရိကန်သည်နိုင်ငံတကာအသိုင်းအဝိုင်းနှင့် သမိုင်းကြောင်း တစ်လျောက်၏ ဆန့်ကျင်ဘက်တွင်ရှိနေမည်ဖြစ်ကြောင်း Wang မှ ပြောကြားခဲ့ပါ သည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ တရားဉပဒေနှင့်အကျိုးစီးပွားကို ဆန့်ကျင် နေသောလုပ်ရပ်များအပေါ် တန်ပြန်အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း Wang မှ ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာကြီး၏အနာဂတ်အတွက် ယုံကြည်မှုရှိကြောင်း ငြိမ်းချမ်းရေးနှင့် ပူးပေါင်ဆောင်ရွက်ရေးအတွက် အချိန်အခါကောင်းကို ပြည်သူများမှ ရွေးချယ်မှုပြုလုပ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Source : CGTN
"U.S. is the biggest destroyer of international order"

0 comments:

Post a Comment