Friday, July 31, 2020

နိုင်ငံတော်ထောက်ပံ့ငွေ ကျပ် သိန်း ၅၀ ကျော်ကို ပြည်သူများထံမပေးပဲ အလွဲသုံးစားလုပ်သည့် အုပ်ချုပ်ရေးမှုးအား ဖမ်းဆီးစစ်ဆေးနေ

နိုင်ငံတော်မှပုံမှန်၀င်ငွေ မရှိသည့်အိမ်ထောင်စုများကို ထောက်ပံ့သည့်ငွေကျပ် သိန်း ၅၀ ကျော်ကို ပြည်သူများထံသို့မပေးဘဲ အလွဲသုံးစားပြုလုပ်ခဲ့သည့် မြောင်းမြမြို့နယ်၊ ကံဘဲ့လေး‌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးအား မြောင်းမြမြို့မရဲ့စခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရှိရသည်။
ကံဘဲ့လေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၇၃ စုအတွက် တစ်အိမ်ထောင်လျှင် ၂ သောင်းကျပ်စီဖြင့် နိုင်ငံတော်မှထောက်ပံ့ငွေ ၅၄ သိန်း ၆ သောင်းကျပ်ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးတင်မောင်၀င်းက ပြည်သူများကိုမပေးပဲ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ခြင်းကို စစ်‌ဆေးပေါ်ပေါက်ခဲ့သဖြင့် မြောင်းမြမြို့နယ် ဒုအုပ်ချုပ်ရေးမှုးဦးမျိုးခိုင်က တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း မြောင်းမြမြို့မ ရဲစခန်းမှသိရသည်။
ကံဘဲ့လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးတင်မောင်၀င်းကို မြောင်းမြို့မရဲစခန်းမှ (ပ)၆၁၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ ဖြင့်ဖမ်းဆီးအမှု့ဖွင့် စစ်ဆေးနေကြောင်း သိရသည်။
crd-ဧရာ၀တီတိုင်းမ် #Myanmar_Online_News
>>Zawgyi<<
နိုင်ငံတော်ထောက်ပံ့ငွေ ကျပ် သိန်း ၅၀ ကျော် ကို ပြည်သူများထံမပေးပဲ အလွဲသုံးစားလုပ်သည့် အုပ်ချုပ်ရေးမှုးအား ဖမ်းဆီးစစ်ဆေးနေ
Friday, July 31, 2020
နိုင်ငံတော်မှပုံမှန်ဝင်ငွေ မရှိသည့်အိမ်ထောင်စုများကို ထောက်ပံ့သည့်ငွေကျပ် သိန်း ၅၀ ကျော်ကို ပြည်သူများထံသို့မပေးဘဲ အလွဲသုံးစားပြုလုပ်ခဲ့သည့် မြောင်းမြမြို့နယ်၊ ကံဘဲ့လေး‌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးအား မြောင်းမြမြို့မရဲ့စခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရှိရသည်။
ကံဘဲ့လေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၇၃ စုအတွက် တစ်အိမ်ထောင်လျှင် ၂ သောင်းကျပ်စီဖြင့် နိုင်ငံတော်မှထောက်ပံ့ငွေ ၅၄ သိန်း ၆ သောင်းကျပ်ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးတင်မောင်ဝင်းက ပြည်သူများကိုမပေးပဲ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ခြင်းကို စစ်‌ဆေးပေါ်ပေါက်ခဲ့သဖြင့် မြောင်းမြမြို့နယ် ဒုအုပ်ချုပ်ရေးမှုးဦးမျိုးခိုင်က တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း မြောင်းမြမြို့မ ရဲစခန်းမှသိရသည်။
ကံဘဲ့လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးတင်မောင်ဝင်းကို မြောင်းမြို့မရဲစခန်းမှ (ပ)၆၁၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ ဖြင့်ဖမ်းဆီးအမှု့ဖွင့် စစ်ဆေးနေကြောင်း သိရသည်။
crd-ဧရာဝတီတိုင်းမ် #Myanmar_Online_News

0 comments:

Post a Comment