Thursday, July 30, 2020

ကော့သောင်းမြို့ကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာသူ အမျိုးသားတစ်ဦးမှာ Covid-19 Positive တွေ့ရှိ

မလေးရှားနိုင်ငံကနေ ကော့သောင်းမြို့ကို တရားမဝင်လမ်းကြောင်းကနေ ပြန်လည်ဝင်ရောက်လာတဲ့အ သက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးဆီမှာ Covid-19 ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင် ၃၀ ရက်နေ့ မနက် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
Covid-19 ဓာတ်ခွဲခန်းအဖြေ Positive လူနာအမှတ် ၃၅၃ ဟာ မွန်ပြည်နယ် ကျိုက်မ ရောမြို့နယ်ဇာတိဖြစ်ပြီး ဇူလိုင်လ ၂၃ ရက်နေ့က မလေးရှားနိုင်ငံကနေ ကော့သောင်းမြို့ကို တရားမဝင် ဝင်ရောက်လာသူတစ်ဦးဖြစ်တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ဆေးရုံအုပ် ကြီးဒေါက်တာလင်းထိုက်က ပြောပါတယ် ။ အဆိုပါ တရားမဝင် ဝင်ရောက်လာသူကို ကော့သောင်းမြို့၊ ၁၀ မိုင်ကျေးရွာမှာ ဖမ်းဆီးရမိခဲ့ပြီး ကော့သောင်းမြို့မှာရှိတဲ့ Quarantine စခန်းမှာ ထိန်းသိမ်းထားရှိပြီး နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်ကိုတို့ နမူနာရယူပြီး ပေးပို့စစ်ဆေးခဲ့ရာမှာ အခုလို တွေ့ရှိခဲ့တာပါ။
လက်ရှိမှာတော့ အဆိုပါ လူနာဟာ ကျန်းမာရေးကောင်းမွန်နေပြီး ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကနေတစ်ဆင့် ကော့သောင်းမြို့နယ်စပ်ဂိတ်ကို တရားမဝင်လမ်းကြောင်းကနေ ပြန်လည်ဝင်ရောက်လာသူတွေ ရှိနေဆဲဖြစ်တယ်လို့ ကော့သောင်းမြို့ ဒေသခံတွေက ပြောပါတယ်။
Source - Southerner News Agency
မြတ်ထွဋ် (မြိတ်)

0 comments:

Post a Comment