Friday, July 31, 2020

ပြည်ခိုင်ဖြိုးပါတီမှ ဆိုင်းဂီတပညာရှင်များ ထောက်ပံ့ငွေ ပေးအပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ Covid- 19ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စားဝတ်နေရေး အခက်အခဲရင်ဆိုင်ကြုံတွေ့နေရသည့် ဆိုင်းဂီတပညာရှင်များအား ထောက်ပံ့လှူဒါန်းငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ၁နာရီက မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမတွင်ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးပါတီနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင် တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထောက်ပံ့လှူဒါန်းငွေအား ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးပါတီနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်မှပေးအပ်ရာ ဆိုင်းဂီတပညာရှင်များအသင်းမှ နာယက ဦးမြက်ရှင်၊ ဥက္ကဋ္ဌဦးစိန်တင့်လွင်၊ အတွင်းရေးမှူးဦးဇော်သူဟိန်းတို့မှ လက်ခံရယူခဲ့ပြီးနောက် ဦးမြက်ရှင်မှ လှူဒါန်းမှုအပေါ် ဝမ်းမြောက်မုဒိတာစကားပြောကြား၍ အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့သည်။
အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးပါတီနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်နှင့်အတူ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူ းဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ဆိုင်းဂီတပညာရှင်များအသင်းမှ နာယက ဦးမြတ်ရှင်၊ဥက္ကဋ္ဌဦးစိန်တင့်လွင်၊ဒုတိ ယဥက္ကဋ္ဌဦးဗိုလ်ဗဒင်း၊အတွင်းရေးမှူးဦးဇော်သူဟိန်း၊အသင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
crd-Zaw Aung Htet #Myanmar_Online_News
>>Zawgyi<<
ပြည်ခိုင်ဖြိုးပါတီမှ ဆိုင်းဂီတပညာရှင်များ ထောက်ပံ့ငွေ ပေးအပ်လှူဒါန်း
Friday, July 31, 2020
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ Covid- 19ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စားဝတ်နေရေး အခက်အခဲရင်ဆိုင်ကြုံတွေ့နေရသည့် ဆိုင်းဂီတပညာရှင်များအား ထောက်ပံ့လှူဒါန်းငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ၁နာရီက မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမတွင် ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးပါတီနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင် တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထောက်ပံ့လှူဒါန်းငွေအား ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးပါတီနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်မှပေးအပ်ရာ ဆိုင်းဂီတပညာရှင်များအသင်းမှ နာယက ဦးမြက်ရှင်၊ ဥက္ကဋ္ဌဦးစိန်တင့်လွင်၊ အတွင်းရေးမှူးဦးဇော်သူဟိန်းတို့မှ လက်ခံရယူခဲ့ပြီးနောက် ဦးမြက်ရှင်မှ လှူဒါန်းမှုအပေါ် ဝမ်းမြောက်မုဒိတာစကားပြောကြား၍ အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့သည်။
အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးပါတီနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်နှင့်အတူ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်၊တိုင်းဒေသကြီးပါတီအတွင်းရေးမှူးဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ဆိုင်းဂီတပညာရှင်များအသင်းမှ နာယက ဦးမြတ်ရှင်၊ဥက္ကဋ္ဌဦးစိန်တင့်လွင်၊ဒုတိ ယဥက္ကဋ္ဌဦးဗိုလ်ဗဒင်း၊အတွင်းရေးမှူးဦးဇော်သူဟိန်း၊အသင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
crd-Zaw Aung Htet #Myanmar_Online_News

0 comments:

Post a Comment