Friday, July 31, 2020

တရုတ်နိုင်ငံမှာ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၂၇ ဦး ထပ်တိုးခဲ့ပြီး ဒုတိယလှိုင်းမှာ အမြင့်ဆုံးကူးစက်မှုဖြစ်လာ

တရုတ်ပြည်မကြီးမှာ ကြာသပတေးနေ့( ဇူလိုင် ၃၀ ရက်) က ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၂၇ ဦး ထပ်တိုးလာတယ်လို့ နိုင်ငံကျန်းမာရေး အာဏာပိုင်တွေက သောကြာနေ့ ( ဇူလိုင် ၃၁ ရက်) မှာ ပြောကြားပါတယ်။
ယင်းထပ်တိုးလာတဲ့ ပိုးကူးစက်လူနာ အရေအတွက်ဟာ နိုင်ငံမှာ အစောပိုင်းနေ့က ထပ်တိုးလာတဲ့ ဗိုင်းရပ်စ်ကူးစက်လူနာ ၁၀၅ ဦး အရေအတွက်ကို ကျော်လွန်သွားပြီး လွန်ခဲ့တဲ့ မတ်လ ၅ ရက်နေ့နောက်ပိုင်း အမြင့်ဆုံး ဗိုင်းရပ်စ်ကူးစက်လူနာ ထပ်တိုးအရေအတွက် ဖြစ်ခဲ့ပါတယ်။
ထပ်တိုးဗိုင်းရပ်စ်ကူးစက်လူနာတွေထဲမှ ၁၁၂ ဦးဟာ နိုင်ငံအနောက်မြောက်ပိုင်း Xinjiang ဒေသမှဖြစ်ပြီး နိုင်ငံအရှေ့မြောက်ပိုင်း Liaoning ပြည်နယ်မှာတော့ ၁၁ ဦး ထပ်တိုးလာတယ်လို့ သိရပါတယ်။ ကျန် ၄ ဦးကတော့ နိုင်ငံခြားမှ ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၈၄၂၉၂ ဦး၊ သေဆုံးသူ ၄၆၃၄ ဦး ရှိနေပြီး ပြန်လည်သက်သာလာသူကတော့ ၇၈၉၇၄ ဦးအထိ ရှိလာပြီ ဖြစ်တယ်လို့ Worldometer မှ ဖော်ပြထားချက်အရ သိရပါတယ်။
crd-အကုန်သိ #Myanmar_Online_News
>>Zawgyi<<
တရုတ်နိုင်ငံမှာ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၂၇ ဦး ထပ်တိုးခဲ့ပြီး ဒုတိယလှိုင်းမှာ အမြင့်ဆုံးကူးစက်မှုဖြစ်လာ
Friday, July 31, 2020
တရုတ်ပြည်မကြီးမှာ ကြာသပတေးနေ့( ဇူလိုင် ၃၀ ရက်) က ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၂၇ ဦး ထပ်တိုးလာတယ်လို့ နိုင်ငံကျန်းမာရေး အာဏာပိုင်တွေက သောကြာနေ့ ( ဇူလိုင် ၃၁ ရက်) မှာ ပြောကြားပါတယ်။
ယင်းထပ်တိုးလာတဲ့ ပိုးကူးစက်လူနာ အရေအတွက်ဟာ နိုင်ငံမှာ အစောပိုင်းနေ့က ထပ်တိုးလာတဲ့ ဗိုင်းရပ်စ်ကူးစက်လူနာ ၁၀၅ ဦး အရေအတွက်ကို ကျော်လွန်သွားပြီး လွန်ခဲ့တဲ့ မတ်လ ၅ ရက်နေ့နောက်ပိုင်း အမြင့်ဆုံး ဗိုင်းရပ်စ်ကူးစက်လူနာ ထပ်တိုးအရေအတွက် ဖြစ်ခဲ့ပါတယ်။
ထပ်တိုးဗိုင်းရပ်စ်ကူးစက်လူနာတွေထဲမှ ၁၁၂ ဦးဟာ နိုင်ငံအနောက်မြောက်ပိုင်း Xinjiang ဒေသမှဖြစ်ပြီး နိုင်ငံအရှေ့မြောက်ပိုင်း Liaoning ပြည်နယ်မှာတော့ ၁၁ ဦး ထပ်တိုးလာတယ်လို့ သိရပါတယ်။ ကျန် ၄ ဦးကတော့ နိုင်ငံခြားမှ ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၈၄၂၉၂ ဦး၊ သေဆုံးသူ ၄၆၃၄ ဦး ရှိနေပြီး ပြန်လည်သက်သာလာသူကတော့ ၇၈၉၇၄ ဦးအထိ ရှိလာပြီ ဖြစ်တယ်လို့ Worldometer မှ ဖော်ပြထားချက်အရ သိရပါ

0 comments:

Post a Comment