Friday, July 31, 2020

ကျောင်းချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများ ကိုဗစ်ရောဂါ သံသယလက္ခဏာရှိ၊ မရှိ မြို့နယ်ကျန်းမာရေးဌာနသို့ နေ့စဉ်သတင်းပို့ရမည်

ကျောင်းချိန်အတွင်း ကျောင်းသားကျောင်းသူနှင့်ဆရာ ဆရာမ၊ ဝန်ထမ်းများအကြား COVID-19 သံသယလက္ခဏာရှိ၊ မရှိ မြို့နယ်ကျန်းမာရေးဌာနသို့ နေ့စဉ်သတင်းပို့ရန် ပညာရေးဝန် ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။
ကိုယ်အပူချိန်မြင့်မားခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း စသည့် သံသယလက္ခဏာတွေ့ ပါက ကျန်းမာရေးဌာနသို့သတင်း ပို့ပြီး လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ရန်၊ ကျောင်းအလိုက် ဖျားနာသူမရှိပါက မရှိကြောင်း (Zero Reporting)ကို ကျောင်း ဆင်းချိန်တွင် သက်ဆိုင်ရာကျန်း မာရေးဌာနနှင့် မြို့နယ်ကြီးကြပ်ဆန်းစစ်အဖွဲ့သို့ နေ့စဉ်ပေးပို့ရန် ပညာရေးဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးများ၊ ကျောင်းအုပ် ကြီးများနှင့် ဇူလိုင် ၂၉ ရက်က တွေ့ဆုံစဉ် ပြောကြားသည်။
ကျောင်းသားကျောင်းသူနှင့် ဆရာဆရာမ၊ ဝန်ထမ်းများအ ကြား COVID-19 သံသယလက္ခ ဏာရှိပါက ထိုသူ၏ အမည်၊ အသက်၊ အတန်း၊ နေရပ်လိပ်စာများ ဖော်ပြကာ သက်ဆိုင်ရာအခြေခံ ပညာကျောင်းများက ချက်ချင်း သတင်းပေးပို့ရန် ညွှန်ကြားထားသည်။
နီးစပ်ရာကျန်းမာရေးဌာန နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်၊ ဆေးရုံ၊ ဆေးခန်းတည်နေရာ၊ ဆရာဝန်၊ သူနာပြုများ၏ အမည် နှင့် ဖုန်းနံပါတ်များကို ရယူထား ရန်နှင့်ကျောင်းချိန်အတွင်း COVID-19 သံသယရောဂါလက္ခဏာ ရှိသူ တွေ့ရှိပါက သီးခြားအခန်း၌ ထားရှိနိုင်ရေး၊ နီးစပ်ရာကျန်းမာ ရေးဌာနနှင့် ဆက်သွယ်သတင်းပို့ နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် ပညာရေးဝန်ကြီးဌာနက အခြေခံ ပညာကျောင်းများသို့ ညွှန်ကြား ထားသည်။
ကျောင်းချိန်အတွင်းကျောင်းသားကျောင်းသူနှင့် ဆရာဆရာမ များသည် မျက်နှာအကာ(Face Shield)၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင် ရန် ပညာရေးဝန်ကြီးဌာနကစည်း ကမ်းသတ်မှတ်ထားသည်။
ထို့အပြင် စာသင်ကြားချိန်တွင် ကျောင်းသားကျောင်းသူ တစ်ဦးနှင့်တစ်ဦးအကြား ခြောက်ပေအကွာနေရာချထားရန်၊ ဆရာ အချင်းချင်း၊ ကျောင်းသားအချင်း ချင်း၊ ဆရာနှင့်ကျောင်းသားအ ကြား ခြောက်ပေအကွာမှသာ ပြောဆိုဆက်ဆံရန်လည်း လမ်းညွှန်ထားသည်။
အခြေခံပညာအထက်တန်း အဆင့်အတန်းများကို ဇူလိုင် ၂၁ ရက်က စဖွင့်ခဲ့ရာ အခြေခံပညာ အထက်တန်းကျောင်း ၇,၁၇၃ ကျောင်းရှိသည့်အနက် COVID -19 ကာကွယ်ရေးပြင်ဆင်မှုအ ဆင့်(A)ရသည့်ကျောင်း ၃,၉၉၉ ကျောင်းကို ဖွင့်ခွင့်ပြုထားကြောင်း သိရသည်။
crd-7Day News Journal #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment