Wednesday, July 29, 2020

လက်ရှိ တောင်သမန်အင်းအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှု အခြေအနေ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုသည် အရင်နှစ်ကထက် ပိုမိုဝင်ရောက်ခြင်းဖြစ်ပြီး ဦးပိန်တံတားအလယ်ပိုင်းလောက်တွင် တံတားနှင့် ရေထိရန် (၁)ပေခွဲခန့် နှင့် တောင်မင်းကြီးဘုရားဘက် တံတားထိပ်တွင် တံတားနှင့်ရေ ထိဖို့ (၃)ပေနီးပါး‌ခန့် သာလိုကြောင်း တောင်သမန်အင်းလှေအသင်းဥက္ကဋ္ဌထံမှ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၉.၇.၂၀၂၀) ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော ဧရာဝတီ မြစ်ရေအ‌‌ခြေအနေသည် မန္တလေးမြို့တွင် (၁၂၅၂) စင်တီမီတာရှိကြောင်း သိရပါသည်။

0 comments:

Post a Comment