Thursday, July 30, 2020

မိုးကုတ်မြို့တွင် မိုးရွာသွန်းမှုကြောင့် နေအိမ်ပျက်စီးခြင်းနှင့် တံတိုင်းပြိုကျမှုများ ဖြစ်ပွား

ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်းက ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ယနေ့(ဇူလိုင်လ ၃၀ ရက်) နံနက် ရး၅၀ မိနစ်အချိန်က မိုးကုတ်အနောက်ပိုင်း နေရာအချို့တွင် ကမ်းပါးရံပြိုကျမှုကြောင့် အုတ်တံတိုင်းပျက်စီးခြင်းနှင့် ချောင်းရေတိုက်စားမှုကြောင့် နေအိမ်အချို့ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ခြင်းကြောင့် မိုးကုတ်မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသပ်ဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်)၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ပါရမီလူမှုကူညီရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များ သွား ရောက်ခဲ့ကာ ထိခိုက်ပျက်စီးမှုများအားရှင်းလင်းခြင်း၊အိမ်ထောင်စုများကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ကူ ညီရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြသည်။ အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးမှု၊ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်( မန္တလေးတိုင်းဒေသကြီး)၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

Ref ; Yoyarlay

0 comments:

Post a Comment