Thursday, July 30, 2020

အဝေးရောက် မြန်မာနိုင်ငံသားများအတွက် ဆန္ဒမဲပြားများ နှင့်ဆန္ဒပြုပြီး မဲလက်မှတ်များကို ကယ်ဆယ်ရေးလေယာဉ်များ၊အထူးလေယာဉ်များနှင့်ပေးပို့မည်

အဝေးရောက် မြန်မာနိုင်ငံသားများအတွက် ဆန္ဒမဲပြားများ နှင့်ဆန္ဒပြုပြီး မဲလက်မှတ်များကို ကယ်ဆယ်ရေးလေယာဉ်များ၊အထူးလေယာဉ်များနှင့်ပေးပို့မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။
ပြည်ပရောက်ရှိနေသည့်မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရေးနှင့်စပ်လျဉ်းသည့် အစည်း အဝေးကိုနေ ပြည်တော်တွင်ဇူလိုင်၂၉ရက်ကကျင်းပရာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်တင်ကပြောကြားခဲ့သည်။
“ယခုကာလမှာ covid 19ကပ်ရောဂါကြောင့် နိုင်ငံတကာလေကြောင်းလိုင်းများ ရပ်နားထားတဲ့ကာလဖြစ်တဲ့အတွက် ပုံစံ၁၅များ၊ဆန္ဒမဲပြားများ၊ဆန္ဒပြုပြီး မဲလက်မှတ်များအား ကယ်ဆယ်ရေးလေယာဉ်များ၊အထူးလေယာဉ်များနဲ့ အချိန်မှီစွာချိတ်ဆက်ပေးပို့နိုင်ရေး အစီအမံများပြုစုတင်ပြဖို့ဖြစ်ပါတယ်’’ဟု ၎င်းကပြော သည်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲများပေးနိုင်ရေး သက်ဆိုင်ရာနိုင်ငံ၏ခွင့်ပြုချက်ရရှိပါက မဲရုံများတိုးချဲ့ဖွင့်လှစ်ရန်ကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကပြောသည်။ ၂၀၂၀ရွေးကောက်ပွဲအား ၂၀၂ဝပြည့်နှစ် နိုဝင်ဘာ၈ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ နိုင်ငံသားအားလုံး ၃၇ သန်းကျော်ရှိကြောင်း သိရသည်။
Ref ; People Media

0 comments:

Post a Comment