Friday, July 31, 2020

ပြင်ဦးလွင်မြို့နယ်အတွင်း တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၆ ဦးအား ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေအတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်- မန္တလေးအဆင်းကားလမ်း မိုင်တိုင်(၁၉)အနီးတွင် မသင်္ကာဖွယ် KIA BONGO III အမျိုးအစားအဖြူရောင် မော်တော်ယာဉ်တစ်စီးရပ်တန့်ထားသဖြင့် သွားရောက်စစ်ဆေးရာ ယာဉ်အားထပ်ခိုးပြုလုပ်၍ မိုးကာအစိမ်းအုပ်ကာ တရားမဝင် တင်ဆောင်လာသည့် တရုတ်နိုင်ငံသား ကျား ၅ ဦး၊ မ ၁ ဦးနှင့် ယာဉ်နောက်လိုက် ၂ ဦး တို့အား ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အောင်မိုး မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါဖမ်းဆီးရမိသော တရုတ်နိုင်ငံသား ၆ ဦးနှင့် တရားမဝင်ခေါ်သွင်းလာသူ ၂ ဦး တို့အား ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်မှ သတင်းအရ သိရှိရသည်။
>>Zawgyi<<
ပြင်ဦးလွင်မြို့နယ်အတွင်း တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၆ဦးအား ဖမ်းဆီးရမိ
Friday, July 31, 2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေအတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်- မန္တလေးအဆင်းကားလမ်း မိုင်တိုင်(၁၉)အနီးတွင် မသင်္ကာဖွယ် KIA BONGO III အမျိုးအစားအဖြူရောင် မော်တော်ယာဉ်တစ်စီးရပ်တန့်ထားသဖြင့် သွားရောက်စစ်ဆေးရာ ယာဉ်အားထပ်ခိုးပြုလုပ်၍ မိုးကာအစိမ်းအုပ်ကာ တရားမဝင် တင်ဆောင်လာသည့် တရုတ်နိုင်ငံသား ကျား ၅ ဦး၊ မ ၁ ဦးနှင့် ယာဉ်နောက်လိုက် ၂ ဦး တို့အား ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အောင်မိုး မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါဖမ်းဆီးရမိသော တရုတ်နိုင်ငံသား ၆ ဦးနှင့် တရားမဝင်ခေါ်သွင်းလာသူ ၂ ဦး တို့အား ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်မှ သတင်းအရ သိရှိရသည်။

0 comments:

Post a Comment