Thursday, July 30, 2020

ပုဂံဘုရားအားလုံဖူးမြော်ခွင့် မပိတ်ထားဘဲ ၁၇ ဆူသာပိတ်ထားခြင်းဖြစ်

ဇူလိုင်လ ၂၉ ရက်မှစတင်ပြီး ပုဂံဒေသရှိ အထင်ကရဘုရား ၁၇ ဆူကိုသာပိတ်ထားပြီး ဘုရားအားလုံးမပါဝင်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။
Covid-19 ကာလအတွင်း အထင်ကရဘုရားများဖူးမြော်ခွင့်ကို ပိတ်ပင်ထားပြီး ဇူလိုင်လ လဆန်းပိုင်းတွင် အချို့သောဘုရားများပြန်လည်ခွင့်ပြုပေးခဲ့ကာ ယင်းတွင် ပုဂံဘုရားလည်းပါဝင်ကြောင်း သိရသည်။
“ဘုရားအားလုံးကိုပိတ်တာမဟုတ်ပါဘူး။ ၁၇ ဆူလောက်ပဲပိတ်ထားတယ်လို့ ကျွန်တော်တို့သိရတယ်။ ပုဂံမှာ ဘုရားက ၃၀၀၀ ကျော်တောင်ရှိတာ။ ဖူးလို့ရပါတယ်" ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းလွင်က ပြောသည်။
အဆိုပါ ပုဂံဘုရားပြန်လည်ခွင့်ပြုသည့်အချိန်၌ သွားရောက်လည်ပတ်ခဲ့သူများပြားခဲ့ပြီး လက်ရှိတွင်တော့ ဘုရားဂေါပကများကဖူးမြော်ခွင့်ပိတ်ထားကြောင်း သိရသည်။
“ ပုဂံဘုရားတွေကတရားဝင်တော့ဖွင့်ထားတာမဟုတ်ဘူး၊ ဒါပေမဲ့သူက ဇူလိုင်လဆန်းပိုင်းလောက်ကစဖွင့်တယ်၊ ပြီးခဲ့တယ့်ပိတ်ရက်လောက်မှာ လူတွေက အများကြီးလာတယ်၊ လူတွေအများကြီးလာရင်ပြသနာဖြစ်နိုင်တယ်ဆိုလို့ ဒီနေ့ ၂၉ ရက်နေ့မှာအားချင်းပိတ်လိုက်တယ်၊ ပုဂံမှာရှိတာကအဆူ ၃၈၀၀ ကျော် ပိတ်တာက ၂၀ကျော်၊ ဂေါပကရှိတယ့်ဘုရာတွေပိတ်တာပေါ့”ဟု ပုဂံဒေသခံတစ်ဦးဖြစ်သူ ကိုမင်းမင်းဦးက ပြောသည်။
ပုဂံရှိ အထင်ကရဘုရားများဖြစ်သည့် ဓမ္မရံကြီး၊ စူဋ္ဌာမဏိ၊ သဗ္ဗုညု၊ ကန်တော့ပလ္လင်၊ အာနန္ဒာ၊ ဘူးဘုရား၊ မြစေတီ၊ မနူဟာ၊ လောကနန္ဒာ၊ ထီးလိုမင်းလို၊ ရွှေစည်းခုံ၊ ငှက်ပစ်တောင် အစရှိတဲ့ဘုရားများ ပါဝင်ကြောင်း သိရသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment