Friday, July 31, 2020

အမေရိကန်က အရှေ့အာရှပင်လယ်ပြင်တွင် ဂျပန်ကို ကူမည်ဟု ပြောကြား

ဂျပန်ရှိ အမေရိကန် ကြည်းရေးလေ တပ်ပေါင်းစု အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ကယ်ဗင် ရှနိုက်ဒါ သည် အရှေ့တရုတ်ပင်လယ်ပြင်အတွင်း တရုတ် ရေယာဉ်များ ကျုးကျော်လာမှုကို ရင်ဆိုင်ရန် မဟာမိတ် ဂျပန်ကို ကူညီသွားမည်ဟု ကြုံးဝါးလိုက်ကြောင်း သိရသည်။
တဆက်တည်းမှာပင် ဘီဂျင်းသည်ဒေသတွင်းရှိ နိုင်ငံများအား ရေကြောင်းမှ ခြိမ်းခြောက် ရန်လုပ်သည့် ကမ်ပိန်းတခု ဆင်နွဲနေကြောင်းလည်း စွပ်စွဲလိုက်သည်။
ဩဂုတ်လလယ်တွင် တရုတ်၏ ပိတ်ပင်ထားသော ရာသီချိန် ငါးဖမ်းလုပ်ငန်း ပြန်လည်စတင်လာသည့်အခါ ဖိအားပေးမှုများ ပိုမိုမြင့်တက်လာဖွယ် ရှိနေသည်၊ ငါးဖမ်း ထရော်လာများနှင့်အတူ တရုတ် ကမ်းခြေစောင့်တပ်များနှင့် ရေတပ်သင်္ဘောများ အတူလိုက်ပါလာဖို့ရှိနေ၍ ဖြစ်သည်။ (၂၀၁၂ ခုနှစ်အတွင်း ငါးဖမ်းသင်္ဘောများနှင့်အတူ လိုက်ပါလာသောတရုတ်စစ်ရေယာဉ်များကို တွေ့နိုင်သည်)
အမေရိကန် အနေနှင့် ဂျပန်၏ ရှင်ကာကူးကျွန်းတန်းများကို တရာ ရာနှုန်း ပြည့် မဆုပ်မနစ် ကာကွယ်ပေးသွားမည်ဟု ဗိုလ်ချုပ်ကြီး ရှနိုက်ဒါက ပြောခဲ့သည်။ ၎င်းက တနှစ် ၃၆၅ ရက်၊ တနေ့ ၂၄ နာရီ၊ တပတ် ၇ ရက် ကာကွယ်ပေး သွားမည်ဟု ဆိုလိုကြောင်း ထပ်မံရှင်းလင်းခဲ့ပြန်သည်။
မကြာမီ အချိန်အတွင်းက ဩစတေးလျသည်တောင်တရုတ် ပင်လယ် အတွင်းရှိ သယံဇာတပေါကြွယ်ဝသော ကျွန်းတန်းများကို တရုတ်မှ ပိုင်ဆိုင်ကြောင်း ‌ပြောဆိုထားမှုအား လက်မခံနိုင်ဟု ပြောဆိုထားခဲ့ပြီး ဩစတေးလျှ ရေတပ်မှ အမေရိကန်နဲ့ လာရောက် ပူးပေါင်းရန် အနေအထားများ ထွက်ပေါ်လာပြီး နောက် ယခုလို ဗိုလ်ချုပ်ကြီး ရှနိုက်ဒါက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
တရုတ်သည် ၎င်းတို့၏ ကြေငြာချက်အား ပို၍လေးနက်စေရန် ကျွန်းစုများ၊ သန္တာကျောက်တန်းများ နှင့် ကျောက်ဆောင်များ ပေါ်ထွန်းနေသည့် နေရာများတွင် အခြေစိုက်စခန်းများ၊ ကင်းစခန်းများ တည်ဆောက်လျက်ရှိနေသည်၊ မိမိတို့ လုပ်ပိုင်ခွင့်အတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး အမေရိကန်တို့မှ ပြဿနာ ကို တမင်သက်သက် ရှာနေခြင်းသာ ဖြစ်သည်ဟု စွပ်စွဲလာခဲ့သည်။
ဂျပန်အနီးရှိ တရုတ်အခေါ် ဒိုင်အိုယူ ကျွန်းတန်းများသည်လည်း ရှေးပဝေသဏီ ကတည်းကပင် တရုတ်ပိုင် ဖြစ်၍ မိမိတို့ ကင်းလှည့်ရေယာဉ်များ မှ ကာကွယ် စောင့်ရှောက်ခွင့် ရှိနေကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ဝမ် ဝင်းဘင်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
အဆိုပါ အငြင်းပွားနေသည့် ရေပိုင်နက်သည်ငါးများ လွန်စွာပေါများလှသဖြင့် တရုတ်ငါးဖမ်းသင်္ဘောများ ဝင်ရောက်ကာ စိမ်ပြေနပြေငါးဖမ်းနေမှုများကို ဂျပန် အစိုးရ မှ ကန့်ကွက်ပြောဆိုခဲ့ပြီး လည်း ဖြစ်သည်။ ဂျပန်တို့မှဟောင်ကောင် အပေါ် တရုတ်၏ ပြုမူမှုများအား ဝေဖန် ပြောဆိုလာပြီးနောက် ပိုတိုးပြီး ပြုလုပ်လာခဲ့ကြသည်။
လွန်ခဲ့သည့် လ အတွင်း အရှေ့တရုတ်ပင်လယ်အတွင်း တရုတ်၏ H-6K မဟာဗျုဟာမြောက် ဗုံးကြဲလေယာဉ်တစီးအား ဂျပန်စစ်လေယာဉ်တစီးက ကြားဖြတ်ဟန့်တားခဲ့ရသည်။
အမေရိကန်မှ အဆိုပါ ဒေသကိုထောက်လှမ်းစောင့်ကြည့်ပြီး ဂျပန်အစိုးရမှအခြေအနေကို သုံးသပ်နိုင်ရန် သတင်းအချက်များ ပေးပို့သွားမည်ဟု ဗိုလ်ချုပ်ကြီးစနိုက်ဒါက ပြောကြားခဲ့ပြန်သည်။
တောင်တရုတ် ပင်လယ်အတွင်း လွတ်လပ်စွာရေကြောင်းသွားလာခွင့် ရရှိရေးသည် ဂျပန်လုံခြုံရေး အတွက် လွန်စွာ အရေးပါသောအနေအထားတွင် ရှိနေသည်။ လောလောဆယ် ဂျပန်တွင် အမေရိကန် စစ်မှုထမ်း ၅၄,၀၀၀ ခန့် တပ်စွဲထားလျက် ရှိနေသည်။
ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ဆန်ဖရန်စစ္စကိုငြိမ်းချမ်းရေး စာချုပ်ဖြင့် ရှင်ကာကူ ကျွန်းတန်းအား အိုကီနာဝါကျွန်း၏ တစိတ်တပိုင်းအဖြစ် သတ်မှတ်ကာ အမေရိကန်၏ အုပ်ချုပ်မှု အောက် သွတ်သွင်းပေးခဲ့ခြင်း ဖြစ်သည်။၁၉၇၀ ခုနှစ်များ အတွင်းတွင် ရေနံ ရှာဖွေတွေ့ရှိနိုင်သည့် အလားအလာများကြောင့်
တရုတ်တို့ မျက်စိကျလာခဲ့ခြင်း ဖြစ်သည်။
မနေ့က ထွက်ပေါ်လာသော သတင်းများအရတရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ တောင်ပိုင်း တိုင်း စစ်ဌာနချုပ်လက်အောက်ခံ ရေတပ်သည် တောင်တရုတ်ပင်လယ်အတွင်းတွင် ၎င်းတို့၏ အသစ်စက်
စက် ဒုံးကျည်တင် လေယာဉ်ကြီးများနှင့် H-6G နှင့် H-6J ရေကြောင်းတိုက်ခိုက်ရေး တိုက်လေယာဉ်များဖြင့် နေ့ရောညပါ အပြင်းအထန် လေ့ကျင့်နေကြသည်ဟု သိရသည်။
အမေရိကန်သည်လည်း P-8A ပွိုက်ဆီဒုံကင်းထောက်လေယာဉ် သည် ‌တိုင်ဝမ်တောင်ပိုင်း ရှိ တောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက်လာခဲ့သည်ဟု သတင်းများက ဆိုသည်။
မိမိအမြင်ရ ပြောရလျှင် တရုတ် အနေဖြင့်အမေရိကန်နှင့် စစ်ပွဲအသွင် ကူးပြောင်းသွားမည်ဆိုက စီးပွားရေးအရ မည်သို့မျှ ပြန်လည်နာလန်ထူလာနိုင်တော့မည် မဟုတ်သည့်ပြင်။ကမ္ဘာကြီးအား cheque book diplomacy ဖြင့် လွှမ်းမိုးနိုင်ရေး ဆိုသည့်အိမ်မက်ကြီးလည်း တပါတည်း ပျက်ပြယ်သွားမည်ဖြစ်သည်။
နိုင်ငံရေးဖက်တွင်လည်း ဝါးအစည်းပြေသကဲ့သို့ ဖြစ်ကာ ပြည်တွင်းပုန်ကန်မှုများဖြင့် ကွန်မြူနစ် ပါတီ သည် အချိန်အနည်းငယ်အတွင်းမှာပင် နိဂုံးချုပ်သွားနိုင်ပေသည်။
သို့သော် ရှီကျင့်ဖျင်သည် ၎င်းလေထွားခဲ့သော ပြည်တွင်းရှိ ဝံသာနုစိတ် လွန်ကဲသူများ အကြားတွင် အမေရိကန်ကို အလျော့မပေးဟုဆိုကာ ဟန့်ကိုဖို့ လုပ်နေရသလို တဖက်ကလည်း ထရန့်ကို မည်သို့မျှ ခန့်မှန်းနိုင်စွမ်း မရှိမှု အကြားတွင် ဗျာများနေပြီ ဖြစ်ပေသည်။
crd-Hla Soewai #Myanmar_Online_News
>>Zawgyi<<
အမေရိကန်က အရှေ့အာရှပင်လယ်ပြင်တွင် ဂျပန်ကို ကူမည်ဟု ပြောကြား
Friday, July 31, 2020
ဂျပန်ရှိ အမေရိကန် ကြည်းရေးလေ တပ်ပေါင်းစု အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ကယ်ဗင် ရှနိုက်ဒါ သည် အရှေ့တရုတ်ပင်လယ်ပြင်အတွင်း တရုတ် ရေယာဉ်များ ကျုးကျော်လာမှုကို ရင်ဆိုင်ရန် မဟာမိတ် ဂျပန်
ကို ကူညီသွားမည်ဟု ကြုံးဝါးလိုက်ကြောင်း သိရသည်။

0 comments:

Post a Comment