Thursday, July 30, 2020

ဝေးလန်တဲ့ဒေသကကျောင်းတွေကို သွားရောက်စစ်ဆေးဖို့အခက်အခဲရှိတာကြောင့် ကိုဗစ်စည်းကမ်းချက်နဲ့ညီ၊ မညီ မစစ်ဆေးနိုင်တော့ပဲ ဖွင့်လှစ်ပေးသွားမည်ဖြစ်

ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေခံပညာကျောင်းတချို့၊ ချင်းပြည်နယ် ပလက်ဝမြို့က အခြေခံပညာကျောင်းတစ်ချို့နဲ့ ကချင်ပြည်နယ်အတွင်းက သွားလာရခက်ခဲပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက အခြေခံပညာကျောင်းတစ်ချို့ စုစုပေါင်း ကျောင်းပေါင်း ၁၀၀ ကျော်ကို ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်နဲ့ ညီ၊မညီ မစစ်ဆေးနိုင်တော့ဘဲ ဖွင့်လှစ်သွားတော့မယ်လို့ သိရပါတယ်။
အဆိုပါ ကျောင်းပေါင်း ၁၀၀ ကျော်ဟာ လုံခြုံရေးအားနည်းပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ ရှိနေတာဖြစ်လို့ သွားရောက်စစ်ဆေးဖို့အခက်အခဲတွေရှိနေတာကြောင့် ကိုဗစ်စည်းကမ်းချက်တွေကို ကင်းလွတ်ခွင့်ပေးဖို့ ကိုဗစ်-၁၉ထိန်းချုပ်ရေး ဗဟိုကော်မတီကို တင်ပြမယ်လို့လည်း သိရပါတယ်။
တစ်နိုင်ငံလုံးမှာ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင် အထက်တန်းကျောင်းနဲ့ အခြေခံပညာအထက်တန်းကျောင်း စုစုပေါင်း (၇,၃၇၁) ကျောင်းရှိပြီးဇူလိုင် ၂၁ ရက်ကစတင်ကာ ကိုဗစ်-၁၉ ကာကွယ်ရေး ဆန်းစစ်ချက်ပြည့်မီမှု (A) အဆင့်ရထားတဲ့ကျောင်းပေါင်း (၃,၉၉၉) ကျောင်းဖွင့်လှစ်ခွင့်ရထားတာဖြစ်ပါတယ်။
ဒါကြောင့် ဖွင့်လှစ်ဖို့ ကျန်ရှိတဲ့ ကျောင်းတွေထဲက ကျောင်းပေါင်း ၂၀၀၀ ကျော်ဟာ လက်ရှိအချိန်မှာတော့ ကိုဗစ်ကာကွယ်ရေးဆန်းစစ်ချက်ပြည့်မီမှု (A) အဆင့်ရထားပြီး လာမယ့် သြဂုတ်လ ၄ ရက်မှာ ပြန်လည်ဖွင့်လှစ်သွားတော့မယ်လို့လည်း အခြေခံပညာဦးစီးဌာနက သိရပါတယ်။
ဒါ့အပြင် ဆန်းစစ်ချက်ပြည့်မီမှု (B) နဲ့ (C) အဆင့်ရထားတဲ့ အခြေခံပညာကျောင်းပေါင်း ၁၀၀၀ ကျော်ကိုလည်း (A) အဆင့်ရဖို့ အတွက် ပြန်လည်ပြင်ဆင်မှုတွေ လုပ်နေပြီး သြဂုတ်လထဲမှာပဲ အပြီးသတ် ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။
Source - Duwun
>>zawgyi<<
ဝေးလန်တဲ့ဒေသကကျောင်းတွေကို သွားရောက်စစ်ဆေးဖို့အခက်အခဲရှိတာကြောင့် ကိုဗစ်စည်းကမ်းချက်နဲ့ညီ၊ မညီ မစစ်ဆေးနိုင်တော့ပဲ ဖွင့်လှစ်ပေးသွားမည်ဖြစ်
Thursday, July 30, 2020
ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေခံပညာကျောင်းတချို့၊ ချင်းပြည်နယ် ပလက်ဝမြို့က အခြေခံပညာကျောင်းတစ်ချို့နဲ့ ကချင်ပြည်နယ်အတွင်းက သွားလာရခက်ခဲပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက အခြေခံပညာကျောင်းတစ်ချို့ စုစုပေါင်း ကျောင်းပေါင်း ၁၀၀ ကျော်ကို ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်နဲ့ ညီ၊မညီ မစစ်ဆေးနိုင်တော့ဘဲ ဖွင့်လှစ်သွားတော့မယ်လို့ သိရပါတယ်။
အဆိုပါ ကျောင်းပေါင်း ၁၀၀ ကျော်ဟာ လုံခြုံရေးအားနည်းပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ ရှိနေတာဖြစ်လို့ သွားရောက်စစ်ဆေးဖို့အခက်အခဲတွေရှိနေတာကြောင့် ကိုဗစ်စည်းကမ်းချက်တွေကို ကင်းလွတ်ခွင့်ပေးဖို့ ကိုဗစ်-၁၉ထိန်းချုပ်ရေး ဗဟိုကော်မတီကို တင်ပြမယ်လို့လည်း သိရပါတယ်။
တစ်နိုင်ငံလုံးမှာ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင် အထက် တန်းကျောင်းနဲ့ အခြေခံပညာအထက်တန်းကျောင်း စုစုပေါင်း (၇,၃၇၁) ကျောင်းရှိပြီးဇူလိုင် ၂၁ ရက်ကစတင်ကာ ကိုဗစ်-၁၉ ကာကွယ်ရေး ဆန်းစစ်ချက်ပြည့်မီမှု (A) အဆင့်ရထားတဲ့ကျောင်းပေါင်း (၃,၉၉၉) ကျောင်းဖွင့်လှစ်ခွင့်ရထားတာဖြစ်ပါတယ်။
ဒါကြောင့် ဖွင့်လှစ်ဖို့ ကျန်ရှိတဲ့ ကျောင်းတွေထဲက ကျောင်းပေါင်း ၂၀၀၀ ကျော်ဟာ လက်ရှိအချိန်မှာတော့ ကိုဗစ်ကာကွယ်ရေးဆန်းစစ်ချက်ပြည့်မီမှု (A) အဆင့်ရထားပြီး လာမယ့် သြဂုတ်လ ၄ ရက်မှာ ပြန်လည်ဖွင့်လှစ်သွားတော့မယ်လို့လည်း အခြေခံပညာဦးစီးဌာနက သိရပါတယ်။
ဒါ့အပြင် ဆန်းစစ်ချက်ပြည့်မီမှု (B) နဲ့ (C) အဆင့်ရထားတဲ့ အခြေခံပညာကျောင်းပေါင်း ၁၀၀၀ ကျော်ကိုလည်း (A) အဆင့်ရဖို့ အတွက် ပြန်လည်ပြင်ဆင်မှုတွေ လုပ်နေပြီး သြဂုတ်လထဲမှာပဲ အပြီးသတ် ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။
Source - Duwun

0 comments:

Post a Comment