Wednesday, July 29, 2020

သမိုင်းဝင် ကျောက်တန်းရေလယ်ဘုရားကို ဇူလိုင် ၃ဝတွင် ပြန်လည်ဖွင့်လှစ်မည်

COVID-19 ရောဂါကြောင့် လေးလကျော် ယာယီပိတ်ထားခဲ့သည့် ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ကျိုက်မှော်ဝန်းရေလယ်စေတီတော်ကို ရုံးပိတ်ရက်အမှီ ဇွန် ၃၀ ရက်တွင် တိုကင်စနစ်ဖြင့်ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့မှ သိရပါတယ်။
ကျိုက်မှော်ဝန်းရေလယ်စေတီတော်ကို COVID-19 ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာဖူးမြော်နိုင်စေရန်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှလမ်းညွှန်ချက်နှင့်အညီစီစဉ်ဆောင်ရွက်လျက်ရှိပြီးဇူလိုင်လ၃ဝရက်နေ့တွင်ဖူးမြော်ခွင့်မည်ဖြစ်ကာ ဘုရားဖူးချိန်ကို နံနက်၈နာရီမှညနေ၃နာရီထိသတ်မှတ်ထားကြောင်းသိရပါတယ်။
ကျောက်မှော်ဝန်းရေလယ်စေတီတော်သို့ ဘုရားဖူးလာရောက်မည့်သူများကို တစ်ရက်လျှင် ဦးရေ ၅ဝဝသာ လက်ခံသွားမည်ဖြစ်ပြီး တိုကင်စနစ်ဖြင့် တစ်ကြိမ်လျှင် ၁၀၀ ဦးသာ ဖူးမြော်ခွင့်ပြုမည်ဖြစ်ကြောင်း သိရပါတယ်။
ဘုရားသို့သွားရောက်ရန် လှေစီးရာတွင်လည်း လှေတစ်စီးလျှင် ၈ ဦးစီးသာ စီးနင်းခွင့်သတ်မှတ်ထားပြီး နိုင်ငံခြားသား ဘုရားဖူးများအတွက် ပဲ့ထောင်စက်တပ်ရေယာဉ်ကိုလည်း တစ်ကြိမ်လျှင် ၅ ဦးသာ စီးနင်းခွင့်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။
ထို့ပြင် ဘုရားရင်ပြင်ပေါ်တွင် လူများစုဝေးနေခြင်းမရှိစေရန် ပထမအကြိမ်ဘုရားဖူးများမြို့ဘက်ကမ်းပြန်ရောက်မှသာဒုတိယအကြိမ်နောက်ဘုရားဖူးများကို သွားရောက်ဖူးမြော်ခွင့်ပြုမည်ဖြစ်ကြောင်း သိရပါတယ်။
ထို့ပြင် COVID-19ရောဂါကာကွယ်သည့်အနေဖြင့် မြို့ဘက်ကမ်းတွင်လည်းအလိုအလျှောက်ကိုယ်အပူချိန်တိုင်းစက်များတပ်ဆင်ထားခြင်း၊ စနစ်တကျလက်ဆေးရန်ဘေစင်များထားရှိပေးထားကာ Maskများကိုစနစ်တကျတပ်ဆင်ဖူးမြော်ရမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရပါတယ်။

0 comments:

Post a Comment