Thursday, July 30, 2020

စစ်ကိုင်းမြို့ရှိ ရေဘေးသင့်ပြည်သူများအား အိုးဘိုလူမှုကူညီရေးအသင်းမှ ဦးဆောင်၍ ထမင်း၊ဟင်း အထုပ် ၂၅၀၀ လှူဒါန်း

စစ်ကိုင်းမြို့၊ အိုးဘို၊ထုံးဘို၊ဧမြ၀တီ၊တ‌‌ေကာင်း၊ ငါးထပ်ကြီးဘုရား ရှိရေဘေးသင့်ပြည်သူများအား စစ်ကိုင်းတောင်ရိုး မြမဉ္ဇူသီလရှင်စာသင်တိုက် ဆရာကြီး ဒေါ်မိတ္တထေရ်ရီ ၏ လှူဒါန်းမှုဖြင့် အိုးဘို ကျန်းမာ ရေးနှင့်လူမှုကူညီရေးအသင်းမှဦးဆောင်၍ ဇူလိုင် ၃၀ တွင် ထမင်း၊ဟင်း အထုပ်ရေ ၂၅၀၀ကျော်ပေးဝေခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စစ်ကိုင်းမှ ပေးဝေမှုအား ကူညီဆောင်ရွက်ခဲ့သည်။
အလှူရှင်များ ၊အိုးဘို ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်း၊အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စစ်ကိုင်း S.E.R.T တို့ ယခုပူးပေါင်းလှူဒါန်းမှုသည် ပထမအကြိမ်ဖြစ်ပြီးဒုတိယအကြိမ်လှူဒါန်းမှုဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Source - ဇေယျာတိုင်းမ်

0 comments:

Post a Comment