Thursday, July 30, 2020

COVID-19 အတည်ပြုလူနာ တစ်ဦးမျှ မရှိသေးကြောင်း မြောက်ကိုရီးယားဆို

မြောက်ကိုရီးယားနိုင်ငံတွင် ယခုအချိန်အထိ COVID-19 အတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှ မရှိသေးကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာ Rondong Sinmun က ယနေ့ဆိုသည်။
"ကျွန်ုပ်တို့နိုင်ငံတွင် ယခုအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တစ်ခုမျှပင် မရှိသေးချေ"ဟု ယင်းသတင်းစာတွင် ဖေါ်ပြပါရှိသည့် ဆောင်းပါးတစ်ခုဝယ်ရေးသားထားခြင်းဖြစ်သည်။
တောင်ကိုရီးယားမှ တရားမဝင်ပြန်လည်ဝင်ရောက်လာသူတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ် သံသယရှိသဖြင့် ထိုသူနေထိုင်ရာ ကေဆောင်းမြို့ကို လော့ဒေါင်းချလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ၄ ရက်အကြာတွင် ယခုဆောင်းပါးကို နိုင်ငံပိုင်သတင်းစာဝယ် ဖော်ပြလာခြင်းဖြစ်သည်။
အဆိုပါ သံသယလူနာတွင် ရောဂါကူးစက်မှုမရှိခြင်းကို စစ်ဆေးတွေ့ရှိခြင်းကြောင့်လောဆိုသည်မှာမူ ရှင်းရှင်းလင်းလင်းမသိရချေ။
မြောက်ကိုရီးယားနိုင်ငံသည် မိမိတို့နိုင်ငံတွင် COVID-19 ကူးစက်မှု တစ်ခုမျှကိုပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ဆီသို့ ယနေ့ထက်တိုင် သတင်းပို့ခြင်း မရှိသေးခြေ။
Ref ; Popular

0 comments:

Post a Comment