Friday, July 31, 2020

ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံ‌တွေ့ နေရသော မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဒုတိယအကြိမ် ပြန်လည်ပို့ဆောင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံရုံး၊ ဖနောင်ပင်မြို့နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (Myanmar Airways International) တို့ပူးပေါင်းပြီး ကမ္ဘောဒီးယား နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး ကပ်ရောဂါ ကာလတွင်း အခြေအနေများကြောင့် ဆက်လက်နေထိုင်ရန် အခက်အခဲ ရှိသည့် မြန်မာနိုင်ငံသား (၆၅) ဦးနှင့် အရေးပေါ်တာဝန်/ကိစ္စဖြင့် သွားရောက်မည့် နိုင်ငံခြားသား (၅) ဦး၊ စုစုပေါင်း (၇၀) ဦးတို့ အား ဒုတိယအကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်၊ ပျံသန်းအမှတ် 8M 1106 ဖြင့် ၃၁-၇-၂၀၂၀ ရက်၊ သောကြာ နေ့၊ နံနက်(၀၉:၁၅) နာရီအချိန်တွင် ဖနောင်ပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
>>Zawgyi<<

0 comments:

Post a Comment