ဖားကန့်မြို့အဝင် ဆိုင်းဘုတ်အနီးတွင် ကျောက်စိမ်းအရိုင်းတုံး အစစ်ကို ယနေ့ ဇူလိုင်လ ၃၀ ရက် နေ့က စတင်ထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောက်စိမ်းအရိုင်းတုံးသည် အလေးချိန် (၁)တန်ကျော်ခန့်ရှိပြီး၊ ဆန်ခါကျေးရွာမှ ဦးသိန်းဌေး မှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ယင်းကျောက်စိမ်းအရိုင်းတုံးတင်သည့် ကလပ်ခုံအား စည်ပင်ကော်မတီအဖွဲ့ဝင်များနှင့် အများပြည်သူ ထည့်ဝင်ငွေဖြင့် မတည်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
Ref ; People Media
0 comments:
Post a Comment