Friday, July 31, 2020

အိန္ဒိယမှာ တစ်ရက်အတွင်း ကိုဗစ် ကူးစက်သူ ၅၅၀၀၀ ကျော်ဖြင့် ထပ်မံ စံချိန်တင်ပြီး သေဆုံးသူ စုစုပေါင်း ၃၅၀၀၀ ကျော် ရှိလာ

အိန္ဒိယနိုင်ငံမှာ သောကြာနေ့က ပိုးကူးစက်သူအသစ် ၅၅၀၇၈ ဦး ထပ်တိုးခဲ့ပြီး နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ထပ်မံစံချိန်တင်တွေ့ရှိခဲ့ကာ စုစုပေါင်း ဗိုင်းရပ်စ် ကူးစက်လူနာ ၁.၆၄ သန်းရှိလာခဲ့ကြောင်း သိရပါတယ်။
နိုင်ငံ့ စီးပွားရေ ပြန်လည်နာလန်ထူလာစေဖို့အတွက် ဗိုင်းရပ်စ်ဆိုင်ရာ ထိန်းချုပ်ကန့်သတ်ချက်တွေကို အစိုးရက ထပ်မံဖြေလျှော့ပေးနေသလို စစ်ဆေးစမ်းသပ်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ကြိုးစားနေစဉ် ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၇၇၉ ဦး ရှိခဲ့တာကြောင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ စုစုပေါင်းဟာ ၃၅၇၄၇ ဦး ရှိခဲ့ပြီလို့လည်း ကျန်းမာရေးနဲ့ မိသားစု သက်သာချောင်ချိရေး ဝန်ကြီးဌာနက ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။
ယခုအခါ နိုင်ငံမှာ တစ်နေ့ကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုကို လူဦးရေ ၁ သန်းအထိ စစ်ဆေးပေးနိုင်ဖို့ ရည်ရွယ်ထားပြီး သောကြာနေ့က လူဦးရေ ၆ သိန်းလောက်အထိ စစ်ဆေးပေးနိုင်ခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ပြောဆိုပါတယ်။
ယောဂလေ့ကျင့်ရာဌာနတွေ၊ ကိုယ်ကာယကြံ့ခိုင်ရေး အားကစားရုံတွေ ပြန်လည်ဖွင့်လှစ်ကြောင်း ဖက်ဒရယ်အစိုးရက ယခုသီတင်းပတ်မှာ ကြေညာခဲ့ပြီး လူတွေနဲ့ ကုန်စည် ကူးသန်းသွားလာမှုတွေအပေါ် ကန့်သတ်ထားခြင်းအားလည်း ဖယ်ရှားပေးလိုက်ကြောင်း သိရပါတယ်။
crd-အကုန်သိ #Myanmar_Online_News
>>Zawgyi<<

crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment