Thursday, July 30, 2020

မြန်မာ့မီးရထားမှ အစုန်၊အဆန် ရထားများ သြဂုတ်လ (၁) ရက်နေ့မှစ၍ ပြန်လည်ပေးဆွဲပေးမည်

မြန်မာ့မီးရထားမှ အစုန်၊အဆန် ရထားတွေကို သြဂုတ်လ (၁)ရက်နေ့မှစပြီး ပြန်လည်ပေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ မြန်မာမီးရထားက သိရပါတယ်။
ဩဂုတ်လ (၁) ရက်နေ့မှစပြီး မန္တလေး-မြစ်ကြီးနား-မန္တလေး လမ်းပိုင်းမှာ အမှတ် (၅၅) အဆန်၊ (၅၆) အစုန်၊ ပုသိမ်-ကြံခင်း-ပုသိမ် လမ်းပိုင်းမှာ အမှတ် (၁၈၁) အဆန်၊ (၁၈၂) အစုန် ၊ ကြည့်မြင်တိုင်-သာရဝေါ-ကြည့်မြင်တိုင် လမ်းပိုင်းမှာ အမှတ် (၆၉) အဆန်၊ (၇၀) အစုန်နဲ့ ပျဉ်းမနား-တောင်တွင်းကြီး-ပျဉ်းမနား လမ်းပိုင်းမှာ အမှတ် (၁၀၃) အဆန်၊ (၁၀၄) အစုန် ပြန်လည်ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရထားအချိန်စာရင်း အသေးစိတ်ကို သက်ဆိုင်ရာ ဘူတာတွေမှာ ကြေညာပေးပြီး ခရီးသည်တစ်ဦးလျှင် ထိုင် ခုံ ၂ နေရာနှုန်းနဲ့ စီစဉ်ရောင်းချပေးမှာ ဖြစ်ပေမယ့်လည်း ရထားလက်မှတ်ခကို တစ်ဦးအတွက်သာ ပေးချေရမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့မီးရထားအနေနဲ့ ကိုဗစ်ကာလအတွင်း ရပ်နားထားခဲ့တဲ့ ရန်ကုန်-ဥက္ကံ ၊ ရန်ကုန်-မန္တလေး ၊ ရန်ကုန် - မော်လမြိုင် ၊ ရန်ကုန်-ပြည် ၊ ရန်ကုန်-ပဲခူး၊ ရန်ကုန်-ရေး၊ ပဲခူး-ရန်ကုန်နဲ့ လက်ပံ့တန်း-သာရေဝေါ လမ်းပိုင်များကိုလည်း ဇူလိုင် ၁ ရက်နေ့က စတင်ပြီး ပုံမှန်ပြန်လည် ပြေးဆွဲပေးလျက် ရှိတယ်လို့ သိရပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment