Thursday, July 30, 2020

စစ်ကိုင်းမြို့အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဒေသခံ ၆၅၀၀ကျော် ယာယီပြောင်းရွှေ့

စစ်ကိုင်းမြို့နယ်အတွင်းမှာ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရပ်ကွက် ၅ခုနဲ့ ကျေးရွာ ၆ခုမှ ဒေသခံ ၆၅၁၆ဦးကို ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ထားကြောင်း မြို့နယ်ပြန်/ဆက်ရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးရှောင်ပြည်သူများအား နိုင်ငံတော်အစိုးရရဲ့ ထောက်ပံ့မှု၊ လူမှုရေးအသင်းများ၊ ပရဟိတအသင်းများမှ ကူညီဆောင်ရွက်လျက်တာဖြစ်ပါတယ်။
ယခုကဲ့သို့ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည့်နေရာများမှာ အေးမြဝတီ၊ ထုံးဘို၊ သောတာပန်၊ ရွာထောင်၊ ထားဝယ်ဈေးရပ်ကွက်များနဲ့ တဲကြီး၊ ကင်း၊ မအူပင်၊ စဉ့်ကိုင်၊ ရွှေလှေ၊ ပြည်‌တော်သာကျေးရွာတို့ဖြစ်တယ်လို့ ဆိုပါ တယ်။
ထိုရပ်ကွက် ၅ခုနဲ့ ကျေးရွာ ၆ခုမှ ရေဘေးသင့်အိမ်ထောင်စု (၁,၄၅၁)စု၊ လူဦးရေ (၆၅၁၆)ဦးတို့အား စစ်ကိုင်းမြို့၊ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းနဲ့ ဝေဠုဝန်ငါးထပ်ကြီးမြတ်စွာဘုရား အစရှိသည့်‌နေရာများသို့‌ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။
ထို့နောက် ယနေ့ ဇူလိုင်လ(၃၀)ရက်နေ့မှာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့မှာ (၁၁၄၇)စင်တီမီတာရှိတာဖြစ်ပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment