Thursday, July 30, 2020

ဂျပန်တွင် နေ့စဉ် COVID-19 အတည်ပြုလူနာသစ် စစ်ဆေးတွေ့ရှိမှု အမြင့်ဆုံးသို့ရောက်ရှိ

ဂျပန်နိုင်ငံတစ်ဝန်းတွင် ဗုဒ္ဓဟူးနေ့က COVID-19 အတည်ပြုလူနာသစ် ၁၂၆၄ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သက်ဆိုင်ရာက အတည်ပြုပြောကြားသည်။
ယင်းသည် နေ့စဉ်လူနာသစ်တွေ့ရှိမှု အမြင့်ဆုံးသို့ ပထမဆုံးအကြိမ်ရောက်ရှိခြင်းဖြစ်ပြီး၊ ယခင်က တစ်နေ့တာအတွင်း စစ်ဆေးတွေ့ရှ်ိမှု လူဦးရေတစ်ထောင်ကျော်ကို ပထမဆုံးရောက်ရှိခြင်းလည်းဖြစ်ကြောင်းသိရသည်။
ဂျပန်နိုင်ငံတစ်ဝန်းတွင် COVID-19 အတည်ပြုလူနာ စုစုပေါင်း ၃၄၂၂၀ ဦးရှိသွားပြီဖြစ်ပြီး၊ သေဆုံးသူ စုစုပေါင်း ၁၀၁၉ ဦးရှိကာ လက်ရှိတွင် ၈၁ ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း ဂျပန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
တိုကျိုမြို့တစ်မြို့ထဲတွင်လည်း ဗုဒ္ဓဟူးနေ့က လူနာသစ် ၂၅၀ စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
Ref ; Popular

0 comments:

Post a Comment