Wednesday, July 29, 2020

ဒေါက်တာ နေဇင်လတ် ခေါင်းဆောင်သော အမျိုးသားတိုးတက်ရေးပါတီ ပါတီအောင်နိုင်ရေးအတွက် ပါတီဥက္ကဋ္ဌ ကိုယ်တိုင်မဲဆွယ်ပေးမည်ဖြစ်ကြောင်း ပြောကြား

လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ပါတီအောင်နိုင်ရေးအတွက် ကိုယ်တိုင်မဲဆွယ်ပေးမည်ဖြစ်ကြောင်း အမျိုးသားတိုးတက် ရေးပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်က ပြောပါတယ်။
ရွေးကောက်ပွဲ၌ တိုင်းဒေသကြီးများ၏ မဲဆန္ဒနယ် (၅ဝ)ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီးကိုယ်စား လှယ်လောင်း (၄၅) ရာခိုင်နှုန်းအထိ ပါဝင်ကြောင်း ဒေါက်တာနေဇင်လတ်က ဆိုပါတယ်။
“ကိုယ်ကတော့ ကိုယ်တိုင်တော့ မဝင်ဘူး။ ဒါပေမဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေမှာ ကိုယ်တိုင်လိုက်ပါ ဆောင်ရွက်မယ်။ ရွေးကောက်ပွဲဝင်ဖို့က ကိုယ်စားလှယ်လောင်း ပထမကအကြမ်းအားဖြင့် ၁၀၀ လောက် လုပ်ထားတယ်။ နောက်ပိုင်းကြတော့ မဲပြန့်မှာစိုးလို့ ၅၀ လောက်လုပ်တယ်။ ဝင်မှာက တိုင်းဒေသကြီးပါပဲ။ အုပ်စုသုံးခုလုပ်ထားတယ်။ အနားနီးလို့ ၅၀ လုံး ဝင်ချင်လည်းဝင်မယ်ပေါ့။ အမျိုးသမီးက ၂၅ လောက် ရှိပါ တယ်။ ၄၅ ရာခိုင်နှုန်းပေါ့” ဟု ၎င်းကပြောသည်။
ဒေါက်တာနေဇင်လတ်သည် ယခင်နိုင်ငံတော်သမ္မတငြိမ်း ဦးသိန်းစိန်၏ စီးပွားရေးအကြံပေးဟောင်းလည်း ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ကာ နိုင်ငံရေးသင်တန်းများကို ပို့ချသူတစ်ဦးလည်းဖြစ်သည်။
“ကျွန်တော်တို့ပါတီကို လူထုကဘာကြောင့် မဲပေးသင့်လဲဆိုတော့ ၂၀၁၅ တည်းက ပြောထားတယ်။ အပြောင်းအလဲမှာ အစစ်အမှန်ဖြစ်ရမယ်။ ဒါကြောင့် စစ်မှန်သောအပြောင်းအလဲဆိုပြီး စလိုဂမ်အနေနဲ့ ပြထားပါတယ်။ အခုကြတော့ ဒါပိုပြီးထင်ရှားလာတာပေါ့ ၂၀၂၀ ကြတော့။ အခုက ပြောင်းတော့ပြောင်းလဲတယ်။ အစစ်အမှန် မဟုတ်ဘူး။ အတုအယောင်ပြောင်းလဲခြင်းတွေဖြစ်နေတယ်ပေါ့။ အတုအယောင်ပြောင်းလဲခြင်းတွေဖြစ်နေတော့ စစ်မှန်တဲ့ပြောင်းလဲခြင်းဆိုပြီးလုပ်ထားတယ်။ ရွေးကောက်ပွဲကတော့နိုင်မှာပါ။ အားကောင်းတယ်လို့လည်း ပြောလို့ရပါတယ်’’ဟု အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်က ထပ်မံပြောသည်။
Crd : NDF/people

0 comments:

Post a Comment