Thursday, July 30, 2020

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းထိ ကျယ်ကျယ်ပြန့်ပြန့်ရနိုင်ဖွယ်မရှိသေး

ယနေ့ ကမ္ဘာတဝှမ်းက ဆေးသိပ္ပံအဖွဲ့အစည်းတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အပြိုင်အဆိုင် စမ်းသပ်ဖော်ထုတ်နေကြပေမယ့် လာမယ့် ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းမတိုင်မီအထိ ‌ပေါပေါများများ ဖြန့်ဖြူးနိုင်ဖွယ်မရှိသေးကြောင်း ဂျာမနီအစိုးရဝန်ကြီးတစ်ဦးက ခန့်မှန်းပြောကြားလိုက်ပါတယ်။
ဥရောပရဲ့ စီးပွားရေးအတောင့်တင်းဆုံးနိင်ငံဖြစ်တဲ့ဂျာမနီဟာ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ဆေးအတွက် ဇီဝနည်းပညာကုမ္ပဏီ ၃ ခုကို စမ်းသပ်တီထွင်ခွင့်ပေးထားပြီး အလားအလာကောင်းတွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီဖြစ်ပါတယ်။
ဒါပေမဲ့ ဂျာမနီနိုင်ငံရဲ့ ပညာရေးနဲ့ သုတေသနဝန်ကြီး အန်ဂျာကာလစ်ဇက်က “ ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ဆေး ထွက်ပေါ်လာခဲ့ရင်တောင် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းထက်စောပြီး ဖြန့်ဖြူးဖို့ မလွယ်ပါဘူး။ လက်တွေ့ကျကျစဉ်းစားကြဖို့လိုပါတယ်” လို့ ပြောကြားလိုက်ပါတယ်။
Ref ; The Standard Time Daily

0 comments:

Post a Comment