Friday, July 31, 2020

သားဖြစ်သူရဲ့မင်္ဂလာဆောင်အတွက် ဗြိတိန်မင်းသားဟယ်ရီ နဲ့ဇနီးဖြစ်သူကို ဦးစားပေးဖိတ်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

ဗြိတိန်နာမည်ကြီးသတင်းစာ Daily Mail ရဲ့အဆိုအရ အင်္ဂလန် နဲ့မန်ချက်စတာယူနိုက်တက်အသင်းခေါင်း ဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ လာမယ်နှစ်မှာကျင်းပမယ့် သားဖြစ်သူ ဘရွတ်ကလင်းရဲ့မင်္ဂလာဆောင်အတွက် ဗြိတိန်မင်းသားဟယ်ရီ နဲ့ဇနီဖြစ်သူ ဂန်မာဂယ်လ်တို့ကို ဦးစားပေးဖိတ်ကြားပေးခဲ့တယ်လို့သိရပါတယ် ။
ဗြိတိန်မင်းသားဟယ်ရီ နဲ့ဇနီးဖြစ်သူတို့ဟာ များပြားလှတဲ့ကိစ္စရပ်တွေကြောင့် မင်္ဂလာဆောင်တက်ရောက်နိုင်ဖို့အတွက် ကြိုတင်ဖိတ်စာပို့ခဲ့တာဖြစ်ပါတယ် ။ အသက် ၂၁ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ဘရွတ်ကလင်းဘက်ခမ်းဟာ လာမယ်နှစ်မှာ အမေရိကန်မော်ဒယ်တစ်ဦးဖြစ်တဲ့ နီကိုလာပက်ဇ် နဲ့လက်ထပ်ထိမ်းမြားတော့မှာဖြစ်ပါတယ် ။
မင်းသားဟယ်ရီ တို့ဇနီးမောင်နှံ နဲ့ဒေးဗစ်ဘက်ခမ်းတို့ဇနီးမောင်နှံဟာ ရင်းနှီတဲ့ဆက်ဆံရေးတွေရှိတာကြောင့် သားဖြစ်သူ ဘရွတ်ကလင်းရဲ့မင်္ဂလာဆောင်ကို တော်ဝင် ဇနီးမောင်နှံတက်ရောက်ဖွယ်ရှိနေပါတယ် ။ ဘရွတ်ကလင်းရဲ့ မင်္ဂလာဆောင်မှာတော့ ဒေးဗစ်ဘက်ခမ်းရဲ့ နောက်ထပ်သားတွေဖြစ်တဲ့ ရိုမီယို(၁၇နှစ်)နဲ့ ခရုဇ်(၁၅နှစ်တို့)က သတို့သား အရံ လုပ်ဆောင်မှာဖြစ်ပြီး သမီးဖြစ်တဲ့ ဟာပါဘက်ခမ်းကတော့ အပျိုရံအဖြစ် လုပ်ဆောင်သွားမှာဖြစ်ပါတယ် ။ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ဘောလုံးသမားဘဝကို အနားယူပြီးနောက် စီးပွားရေးဘက်ကို ဇောက်ချလုပ်ကိုင်နေပြီး မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းရဲ့ ရှယ်ယာပိုင်ဆိုင်တစ်ဦးလည်း ဖြစ်ပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment