Thursday, July 30, 2020

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သူခိုးကိုလေးဂွနဲ့ လိုက်ပစ်တဲ့ အိမ်ရှင်အား သူခိုးက လက်ပစ်ဗုံးနဲ့ ပြန်ပစ်မှုဖြစ် ပွား

ရှမ်းပြည်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ကွန်းချောင်းရွာမှာ ဇူလိုင်လ(၂၉)ရက်နေ့မနက်ပိုင်းက ခြံထဲဝင်လာတဲ့သူခိုးကို လေးဂွနဲ့လိုက်ပစ်ခတ်တဲ့အိမ်ရှင်အား လက်ပစ်ဗုံးနဲ့ပြန်အပစ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ (၂၈) ရက်နေ့ ညပိုင်း ရွာထဲရှိအိမ်တစ်အိမ်မှ သူခိုးကပ်သည်ဟု ဆိုကာအော်ဟစ် လိုက်ချိန် လူတစ်ယောက်သည် တွေ့ရာလမ်းအတိုင်း စွတ်ပြေးလာရင်းက မျက်နှာမူရာ အိမ်ဝန်းတစ်ခုအား ခြံကျော်ဝင်ရောက်ခဲ့သည်ဟုသိရသည်။
"အိမ်တစ်အိမ်ကို ပြေးလာပြီးဝင်တာပေါ့။ ဝင်ပြီးတော့မှ သူကမှောင်ရိပ်ခိုတဲ့သဘောပါ။ အိမ်ရှင်က လူမှန်း သိလို့ လေးဂွနဲ့ပစ်လိုက်တယ်ပေါ့။ လူကလည်းလိုက်တော့ သူခိုးကပြေးတာပေါ့။ အဲဒီမှာ တစ်ခုခုလှမ်းပစ် လိုက်တာကို ကြားလိုက်ရတယ်။
ထိုသူပစ်ပေါက်သည့် အရာအား အိမ်ရှင်ဖြစ်သူမှ ဓါတ်မီးဖြင့် ထိုးကြည့်ရာ လက်ပစ်ဗုံး တစ်လုံး ဖြစ်နေသောကြောင့် ဇူလိုင်လ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် ရပ်ရွာတာဝန်ရှိသူများအား အကြောင်းကြားပြီး ထိုမှတဆင့် ငါးအိုးရွာ ၁၂၁ တပ်ရင်းမှ အရာရှိနှင့် စစ်သည်များရောက်လာကာ လက်ပစ်ဗုံးအား စစ်ဆေးပြီး မြေမြှုပ်ဖျက်ဆီးလိုက်ကြောင်းသိရသည်။
Source - Nay Myo

0 comments:

Post a Comment