Friday, July 31, 2020

ဖာပွန်မြို့နယ်၌ အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက်ပြီး သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးအား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်၍ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးအား တပ်မတော်သားနှစ်ဦးက ပစ္စည်းလုယက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်ကျူးလွန်ခဲ့သည့် တပ်သား သန်းစိုးလွင် နှင့် ဟိန်းမင်းထက် တို့သည် ဇူလိုင် ၁၇ ရက်တွင် ပြန်လည်အဖမ်းခံခဲ့ကြောင်းနှင့် စစ်စည်းကမ်းအရ ဥပဒေနှင့်အညီ ထိရောက်စွာ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
အဆိုပါ ဖြစ်စဉ်ကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးသည် ဇူလိုင် ၁၆ ရက်တွင် ပိုလိုထကျေးရွာ အုပ်ချုပ်ရေးမှူး၏ဇနီး ဒေါ်မုနော် ထံမှ ပစ္စည်းလုယက်မှုအပြင် လူကိုသေစေသည်အထိ ပြစ်မှုကျူးလွန်ခဲ့သဖြင့် ဇူလိုင် ၂၉ ရက်တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခဲ့ပြီး ၎င်းတို့ကျူးလွန်သည့် ပြစ်မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခဲ့ကြောင်း သိရှိရသည်။
စစ်တရားရုံးဖြင့် စစ်ဆေးဆောင်ရွက်ရာသို့ ဘီးလင်းမြို့နယ်၊ ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းခိုင်၊ ကျားကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမနျးပီး၊ ရငျးအုံကြေးရှာအုပျခြုပျရေးမှူး ဦးနေလင်းဦး၊ ဒညင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ ကဇိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ဆွဲ တို့အပါအဝင် အခြားရပ်မိရပ်ဖ ၁၁ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ တက်ရောက်လေ့လာခဲ့ကြကြောင်း တပ်မတော်မှ ထုတ်ပြန်ချက်အရ သိရှိရသည်။
>>Zawgyi<<
ဖာပွန်မြို့နယ်၌ အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက်ပြီး သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးအား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်၍ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်
Friday, July 31, 2020
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးအား တပ်မတော်သားနှစ်ဦးက ပစ္စည်းလုယက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်ကျူးလွန်ခဲ့သည့် တပ်သား သန်းစိုးလွင် နှင့် ဟိန်းမင်းထက် တို့သည် ဇူလိုင် ၁၇ ရက်တွင် ပြန်လည်အဖမ်းခံခဲ့ကြောင်းနှင့် စစ်စည်းကမ်းအရ ဥပဒေနှင့်အညီ ထိရောက်စွာ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
အဆိုပါ ဖြစ်စဉ်ကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးသည် ဇူလိုင် ၁၆ ရက်တွင် ပိုလိုထကျေးရွာ အုပ်ချုပ်ရေးမှူး၏ဇနီး ဒေါ်မုနော် ထံမှ ပစ္စည်းလုယက်မှုအပြင် လူကိုသေစေသည်အထိ ပြစ်မှုကျူးလွန်ခဲ့သဖြင့် ဇူလိုင် ၂၉ ရက်တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခဲ့ပြီး ၎င်းတို့ကျူးလွန်သည့် ပြစ်မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခဲ့ကြောင်း သိရှိရသည်။
စစ်တရားရုံးဖြင့် စစ်ဆေးဆောင်ရွက်ရာသို့ ဘီးလင်းမြို့နယ်၊ ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းခိုင်၊ ကျားကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမနျးပီး၊ ရငျးအုံကြေးရှာအုပျခြုပျရေးမှူး ဦးနေလင်းဦး၊ ဒညင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ ကဇိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ဆွဲ တို့အပါအဝင် အခြားရပ်မိရပ်ဖ ၁၁ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ တက်ရောက်လေ့လာခဲ့ကြကြောင်း တပ်မတော်မှ ထုတ်ပြန်ချက်အရ သိရှိရသည်။

0 comments:

Post a Comment