နိုင်ငံတော်သမ္မတက ဖွဲ့စည်းလိုက်သော ဖားကန့်မြေ စာပုံပြိုကျမှုဖြစ်စဉ် စုံစမ်းစစ်ဆေး ရေးအဖွဲ့သည် အခင်းဖြစ်ရာနေရာသို့ ယနေ့ (ဇူလိုင်၅ရက်)တွင် ရောက်ရှိမည်ဖြစ်ပြီး စစ်ဆေးမှု စတင်မည်ဖြစ်သည်။
ရှာဖွေကယ်ဆယ်ရေး တတိ ယမြောက်နေ့တွင် ရုပ်အလောင်း နှစ်ခုနှင့် ပျက်စီးနေသည့် ကိုယ် အင်္ဂါ အစိတ်အပိုင်း တစ်ခုတွေ့ရှိခဲ့ သည်ဟု ဖားကန့်မြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်ကပြောသည်။
ဖားကန့်မြို့နယ် ဝှေခါကျေး ရွာရှိ ဝှေခါမှော်တွင်မြေစာပုံပြိုကျ ပြီး လူ ၁၀၀ ကျော် သေဆုံးမှုဖြစ် ပြီးနောက် ယင်းဖြစ်စဉ်ကိုစုံစမ်း ဖော်ထုတ်ရန် သယံဇာတနှင့်သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် အပါ အဝင် ခြောက်ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ဇူလိုင် ၃ရက် တွင် ဖွဲ့စည်းခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ သည် ဇူလိုင် ၄ရက်တွင် ဖားကန့် မြို့သို့ ရောက်ရှိခဲ့ပြီး မြေစာပုံပြို သည့် ဝှေခါမှော်သို့ ယနေ့လာ ရောက်မည်ဟု ဖားကန့်မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြောသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်သည့် ပြည်ထောင်စုဝန်ကြီး တစ်ဦး၏ ကိုယ်ရေးအရာရှိက၎င်း တို့သည် မြစ်ကြီးနားမှ ဖားကန့်သို့ ကားဖြင့်သွားရောက်နေသည်ဟု ဇူလိုင် ၄ရက်နေ့လယ်တွင် ပြော သည်။
ဖားကန့်တွင်ဖြစ်ပွားခဲ့သည့် အဖြစ်ဆိုးအတွက် ထောက်ပံ့ကူ ညီရေးတစ်ခုတည်းသည် အဖြေ မဟုတ်ဘဲ အကောင်းဆုံးအဖြေရှာနိုင်အောင် ဆောင်ရွက်မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၎င်း ၏ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အသိ ပေးထားသည်။
ငြိမ်းချမ်းရေး၊တရားဥပဒေ စိုးမိုးရေးနှင့် လွတ်လပ်လုံခြုံစွာဖွံ့ ဖြိုးတိုးတက်ရေးဖြစ်ရပ်များသည် ဖားကန့်ဒေသတွင် ရှုပ်ထွေးနေဆဲ အခြေအနေဟု ဒေါက်တာဝင်း မြတ်အေးကသုံးသပ်သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ သည် မြေပြိုကျသည့်အကြောင်း ရင်းကို စုံစမ်းဖော်ထုတ်ရန်၊ တာ ဝန်ရှိသူအဆင့်ဆင့်ကို စုံစမ်းဖော်ထုတ်ရန်၊ သေဆုံးသူများနှင့်ထိ ခိုက်ဒဏ်ရာသူများ၏ မိသားစု ဝင်များအတွက် လိုအပ်သော ထောက်ပံ့ကူညီမူများဆောင်ရွက်ပေးရန်၊ နောင်တွင် ယခုကဲ့သို့ မဖြစ်ပွားစေရေးအတွက် လုံခြုံရေးအပါအဝင် ဆောင်ရွက်ရမည့် အစီအမံများကို အကြံပြုတင်ပြရန် သမ္မတက တာဝန်ပေးထားသည်။ ထို့အပြင် စစ်ဆေးမှုရလဒ်အစီရင် ခံစာကို နိုင်ငံတော်သမ္မတရုံးသို့အ လျင်အမြန်တင်ပြရန် ညွှန်ကြား ထားသည်။
‘‘အခုစုံစမ်းစစ်ဆေးအဖွဲ့ဖွဲ့ ပြီးဆိုတော့ မကြာခင်အဖြေပေါ် တော့မယ်။ ပွင့်လင်းမြင်သာစွာ အရေးယူပေးပါ။ ပြောရမယ်ဆို ဒီမှာက အစုလိုက်အပြုံလိုက်သတ် ဖြတ်မှုမျိုးဖြစ်နေတာပါ’’ဟု ဖားကန့်မြို့နယ်အခြေစိုက် Green Land သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအဖွဲ့မှ ဦးနောင်လတ် ကပြောသည်။
ဇူလိုင် ၄ရက်သည် ရှာဖွေကယ်ဆယ်ရေး တတိယနေ့ဖြစ်ပြီး ရုပ်အလောင်းနှစ်ခုနှင့် ပျက်စီးနေ သော ခြေထောက်တစ်ချောင်း ရှာဖွေတွေ့ရှိခဲ့သည်ဟု ဦးဖုန်ဂရိန်နှင့် မြန်မာနိင်ငံလူမှုကူညီရေးအ ဖွဲ့(ဖားကန့်မြို့နယ်) တာဝန်ခံကို ဂျက်ကပြောသည်။
သုံးရက်အတွင်း ရုပ်အ လောင်း ၁၇၄ လောင်းနှင့် ဒဏ်ရာ ရသူ ၅၄ ဦးရှာဖွေတွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
မြေစာပုံပြိုကျမှုဖြစ်စဉ်ကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ဒေသခံ လူမှုကူညီကယ်ဆယ်ရေး အသင်းပေါင်း ၃၀ ကျော်က ရှာဖွေကယ် ဆယ်ရေးလုပ်ဆောင်နေသည်။ မိုးရွာနေသလို မြေစာပုံ သည် အနည်းငယ်စီ ပြိုကျနေ၍ ရှာဖွေကယ်ဆယ်ရေးအချိန်ပြည့် မလုပ်နိုင်ဟု လူမှုကူညီရေးအဖွဲ့ များကပြောသည်။
တွေ့ရှိသည့် ရုပ်အလောင်းများကို ဖားကန့်တွင် မြေမြှုပ် သြင်္ဂိုဟ်ခြင်း၊ မီးရှို့သြင်္ဂိုဟ်ခြင်းတို့ လုပ်ဆောင်ခဲ့သလို ကာယကံရှင် မိသားစုဝင်များက ၎င်းတို့၏နေ ရပ်သို့ ပြန်လည်သယ်ဆောင်ခြင်း များလည်းရှိသည်။
Crd : 7Days
0 comments:
Post a Comment