ထိုင်းနိုင်ငံသို့ငွေကျပ်သိန်၂၀ ကျော် အကုန်ကျခံကာ MoU လုပ်သားအဖြစ် တရားဝင်သွားရောက်ခဲ့သော်လည်း တစ်လနီးပါးအလုပ်အကိုင်လုပ်ရခြင်းမရှိသည့်အတွက် စားသောက်ရေးအခက်အခဲကြုံနေရကြောင်း အလုပ်သမားများထံမှသိရသည်။
ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတစ်ခု ဖြစ်သော GOLDEN MYANMAR LIGHTING CO.,LTD သည် မြန်မာ လုပ်သား ၄၀ ကျော်ကို ထိုင်းနိုင်ငံရှိ TMML SERVICES CO.,LTD နှင့် MoU စာချုပ်ချုပ်ဆိုပြီးDHL .Delivery ပစ္စည်းပို့ရမည့်အလုပ်ရုံတွင်အလုပ် လုပ်ကိုင်ရန် စက်တင်ဘာလ ၁၉ ရက်နေ့က မြဝတီ- မဲ ဆောက်လမ်းမှ တဆင့် ထိုင်းနိုင်ငံသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါ အလုပ်သမားအနက် အချို့မှာ ယနေ့ အောက်တိုဘာ ၁၉ ရက်ထိ တစ်စုံတစ်ရာ အလုပ်လုပ်ကိုင်ရခြင်း မရှိခြင်းကြောင့် နေထိုင်စားသောက်ရေး အလွန်ခက်ခဲနေသည်အတွက် အလုပ်သမားရေး လုပ်ဆောင်နေသူများထံ အကူအညီ တောင်းခံ ထားကြောင်း သိရသည်။
အခက်အခဲ ဖြစ်နေသည့် အလုပ်သမားတစ်ဦးက "ကျွန်တော်တို့က စက်တင်ဘာလ၁၉ ရက်နေ့ မြဝတီ ကနေထွက်လာတာပါ။ဒီရောက်တော့ လူစုတွေကွဲကုန်ပါပြီ။တခြားလူတွေအလုပ်ရ မရကိုတော့မသိပါဘူး။ကျွန်တော်တို့ ၇ယောက်ကိုတော့နေရာ လေးနေရာထိရွှေ့ပြောင်းထားပေမဲ့ ယနေ့ထိ အလုပ်မလုပ်ရသေးပါဘူး။ ပထမတော့ ဆန်၅ပြည်နဲ့ ကြက်ဥတစ်ကဒ်စီ လာပေးပါတယ်။ကျန်တာတော့ ပါလာတဲ့ ငွေလေးနဲ့ စားရတာပေါ့။ ခုကပါလာတာလည်းကုန်၊အလုပ်ကမလုပ်ရ၊ စေလွှတ်တဲ့ ကုမ္ပဏီ ကိုဆက်သွယ်ပေမဲ့ လာဖြေရှင်းပေးတာမရှိသေးပါဘူး"ဟု ပြောသည်။
ထိုင်းနိုင်ငံသို့ လက်ရှိ MoU စနှစ်ဖြင့် တရားဝင်စေလွှတ် ခဲ့သော မြန်မာရွှေ့ပြောင်းလုပ်သားများ အနက် တစ်လ ကြာသည့်တိုင် အလုပ်မလုပ်ရသူများရှိကြောင်း။အလုပ်မလုပ်ရဘဲ ၁၅ ရက်ကျော်လာလျှင် ထိုင်းအလုပ်သမား ဥပဒေအရ အဆိုပါ အလုပ်သမားများကို လုပ်အားခ ၇၅ ရာခိုင်နှုန်း ပေးရမည်ဖြစ်ကြောင်း အထွေထွေ အလုပ်သမားကူညီရေး ဆောင်ရွက်နေသူ ကိုသားကြီးက ပြောသည်။
KTG အထွေထွေကူညီရေးရုံး မှမန်းနေးဂျင်းဒါရိုက်တာ ကိုသားကြီးက" MoUနဲ့ လာပြီး တစ်လကြာသည့်တိုင် အလုပ် မလုပ်ရသူတွေ အကူညီတောင်းထားတာ ရာနဲ့ ချီ ရှိပါတယ်။ဒါ ထိုင်းအလုပ်သမားဥပဒေ အရ
ဒီအလုပ်သမား တွေကို လုပ်အားခ ၇၅ ရာခိုင်နှုန်းပေးရပါမယ်၊ တစ်ချို့လည်း စာချုပ်မှာတစ်မျိုး အလုပ်ခွင်ရောက်သွားတာတစ်မျိုး နဲ့ အလုပ်သမားတွေ အတော်ဒုက္ခရောက်ကြပါတယ်။ မြန်မာအေဂျင်စီတွေအနေနဲ့ MoUနဲ့ တရားဝင်အလုပ်သမားစေလွှတ်ရင် တာဝန်ယူမှုတာဝန်ခံမှု အပြည့်ရှိစေချင်ပါတယ်"ဟု ဆိုသည်။
MoUစနစ်ဖြင့် တရားဝင် အလုပ်သမား မဖြစ် စေလွှတ်ခံခဲ့ ရသော်လည်း အချို့ သော မြန်မာအလုပ် သမားများမှာ စာချုပ်ပါအတိုင်း အလုပ် လုပ်ကိုင်ခွင့် မရဘဲ အခက်အခဲ များစွာကြုံနေရကြောင်း ၊ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများအနေဖြင့် တရားဝင်လုပ်သားစေလွှတ်ခွင့်လိုင်စင်ကိုင်ပြီး လူကုန်ကူခြင်းမျိုး မလုပ်ဆောင်ကြရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံဘက်မှ အလုပ်သ မားရေးဆောင်ရွက်နေသူများကပြောသည်။
Eleven
0 comments:
Post a Comment