ရန်ကုန်မှာ တန်ဆောင်တိုင်ပွဲတော်ရာသီအတွက် ပထမဆုံး ရေပေါ် ညဈေး စတင်ဖွင့်လှစ်ဖို့ ပြည်တွင်း ကုမ္ပဏီတစ်ခုက ဦးဆောင် လုပ်ကိုင်နေပါတယ်။
အဲဒီရေပေါ်ညဈေးကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားအနီး ဆိပ်ခံတံတား အမှတ်(၅) Love Boat Bridge မှာ ဖွင့်လှစ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ တော်ဝင်ချမ်းသာ ကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦးက နိုင်ငံပိုင်သတင်းစာကနေဆိုထားပါတယ်။
အထက်ပါ ရေပေါ်ညဈေးဟာ ၅ ပေကျယ်ဝန်းပြီး ဆိုင်ခန်းပေါင်း ၃၀ ပါဝင်ပြသရောင်းချ သွားမယ်လို့ သိရပါတယ်။
"ဖွင့်လှစ်မယ့် ရက်ကတော့ အခုလကုန် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၈ ရက်နေ့ထိဖြစ်ပြီးတော့ ညနေ ၃ နာရီကနေ ည ၉ နာရီအထိဖြစ်တယ်။ ဈေးရောင်းသူတွေကိုတော့ အဝတ်အစား ကန့်သတ်ထားရှိတယ်" လို့ ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုထားပါတယ်။
ကန့်သက်ချက်အနေနဲ့ ဈေးရောင်းချမယ့်သူတွေက တိုင်းရင်းသားဝတ်စုံများကိုသာ ဝတ်ဆင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
လှေပေါ်ရဲ့ ဆိုင်ခန်း ငှားရမ်းခမှာ အခမဲ့ဖြစ်ပြီးတော့ အစားအသောက်များတည်ခင်းရောင်းချနိုင်မယ့် ဈေးလှည်းပုံစံ ထုတ်ပေးမှာဖြစ်ပြီး လှည်းနေရာထားခကိုတော့ တစ်ရက် ငွေကျပ် ၃ သောင်းနှုန်းကို ကုမ္ပဏီမှ ကောက်ခံသွားမှာပါ။
ဒါအပြင် ရေ၊ မီး နှင့် စားသုံးသူတွေရဲ့ နေရာထိုင်ခင်းများကို ကုမ္ပဏီမှ စီစဉ်ပေးသွားမှာဖြစ်ပြီး မည်သူမဆို လာရောက် ရောင်းချနိုင်တယ်လို့ သိရပါတယ်။ ဈေးရောင်းချသူတွေအနေနဲ့လည်း ဖုန်းနံပါတ် ၀၉-၆၈၈၂၃၇၇၉၉ ထံ ဆက်သွယ်နိုင်တယ်လို့လည်း နိုင်ငံပိုင်သတင်းစာမှ ဖော်ပြထားပါတယ်။
အဓိက ရေပေါ်ဈေးပွဲတော်ကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ဟာ ရန်ကုန်မြစ်ရဲ့ အလှအပတွေကို ကြည့်ရှုခံစားပြီး ရိုးရာ အစားအစာများ၊ အဝတ်အစားများ၊ လက်မှု လူသုံးကုန်ပစ္စည်းများ ပါဝင်မှာဖြစ်သလို အင်းလေး လှေဈေး နည်းတူ ခံစားနိုင်ဖို့အတွက် ရိုးရိုးလှေနဲ့ပါ ရောင်းချခွင့်တွေ ပါရှိတယ် လို့ သိရပါတယ်။
Photo – internet
MFN
0 comments:
Post a Comment