Thursday, October 20, 2022

မုံရွာသပိတ် ခေါင်းဆောင် ကိုဝေမိုးနိုင် ကို ထောင် ၄ နှစ် ထပ်ချ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား ယနေ့ ထောင်ဒဏ် ၄ နှစ် ထပ်မံ ချမှတ်လိုက်ကြောင်း ၎င်း၏ မိခင်ထံမှ သိရသည်။
ကိုဝေမိုးနိုင်၏ မိခင်ဖြစ်သူက “ဒီနေ့ ပုဒ်မ ၂၅ သဘာဝဘေး ပုဒ်မနဲ့ ၂ နှစ် ၅၀၅- က နဲ့ ၂ နှစ် စုစုပေါင်း ၄ နှစ် ချလိုက်တယ်။ အရင်ချထားတဲ့ ၁၀ နှစ်နဲ့ ဆိုရင် ၁၄ နှစ် ဖြစ်သွားပါပြီ” ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် မုံရွာမြို့နယ်တရားရုံးက ကိုဝေမိုးနိုင်အား ပြည်သူ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လှုံ့ဆော်မှုဖြင့် စွပ်စွဲ တရားစွဲဆိုထားသည့် ပုဒ်မ ၅၀၅ (က) ၁ မှုလျှင် ၂ နှစ်နှုန်းဖြင့် ၁၀ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
မုံရွာမြို့တွင် ၂၀၂၁ ဧပြီ ၁၅ ရက်က စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဆိုင်ကယ်များဖြင့် ဆန္ဒပြချီတက်စဉ် ကိုဝေမိုးနိုင် ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဖြင့်တိုက်ပြီး အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။


ဧရာဝတီ

0 comments:

Post a Comment