ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေက နေပြည်တော်၌ပြုလုပ်သည့် မြို့ နယ်ပညာရေးမှူးများ၊လက်ထောက်ညွှန်ကြားရေးမှူးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ(ဒုတိယအသုတ်)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ခရိုင် ၅၀ တွင် စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်း ၅၀ ကိုဖွင့်လှစ်သွားမည်ဖြစ်ကာ ယင်း ကျောင်းများတွင် KG+12 ပညာ ရေးစနစ်အား သင်ကြားမည်ဖြစ်သော်လည်း Grade-9 အောင်မြင်ပြီးသည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် စိုက်ပျိုးရေး၊မွေးမြူ ရေး၊စက်မှုစသဖြင့် ဝါသနာပါရာအားအထူးပြု တက်ရောက်သင်ကြားနိုင်မည်ဟု ပြောသည်။
ပညာရေးကဏ္ဍ အကောင်အထည်ဖော်ရာတွင် အ ရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးခြင်းသည် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ပြီး စီမံခန့်ခွဲမှုသည်လည်း အလွန်အရေးကြီးသည်ဟု ပြောသည်။
"လုပ်ငန်းတိုင်းမှာ စနစ်ကျတဲ့စီမံခန့်ခွဲမှုကောင်း မွန်မှသာ ပညာရေးလုပ်ငန်းတွေအောင်မြင်မှာဖြစ်ပါတယ် ဒါ့ကြောင့် ပညာရေးမှာတာဝန်ယူရတဲ့ ဆရာကြီး၊ဆရာမကြီးတွေအနေနဲ့ ပညာရေးဥပ ဒေနဲ့မူဝါဒတွေကိုသိပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ပံ့ပိုးကူညီပေးကြရပါမယ်"ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေကပြော သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ဒု-ဝန်ကြီးဦးဇော်ဝင်း၊အမြဲ တမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊မြို့နယ်ပညာရေးမှူး(၁၂၈)ဦးနှင့်လက်ထောက်ညွှန်ကြားရေးမှူး(၂၇)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
Popular
0 comments:
Post a Comment