Tuesday, October 11, 2022

ပလက်ဝမြို့နယ်သံထောင်ကျေးရွာမှာတပ်စွဲထားတဲ့AA တပ်သားတွေ ရွာထဲသောင်းကြမ်းတာတွေကို ဖြေရှင်းပေးတာမျိုးမရှိသေးဘူးလို့ဒေသခံတွေပြော


ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်ကျေးရွာမှာ တပ်စွဲထားတဲ့ ရက္ခိုင့်တပ်တော် (AA) တပ်သားတွေ ကျေးရွာအတွင်း သောင်းကြမ်းတာတွေ လုပ်တာရှိလို့ ရက္ခိုင့်တပ်တော်က တာဝန်ရှိသူတွေကို တိုင်ကြားထားပေမယ့် ဖြေရှင်းပေးတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက Chin World မီဒီယာကို ပြောပါတယ်။
ဒေသခံတစ်ဦးက “ရွာမှာညဆိုရင် ဘယ်သူမှအပြင်မထွက်ရဲကြဘူး။ အိမ်တွေဖောက်တာတို့ ရှိတယ် အိမ်တွေဖောက်ပြီး စောင်တွေနဲ့ အစားသောက်တွေကိုယူတာမျိုးမြင်ရတယ် နောက်ပြီး ညတွေဆိုရင် မှုးပြီးသောင်းကြမ်းတာတွေ လုပ်တာရှိတယ် စစ်တပ်တစ်ခုအနေနဲ့ အဲလိုမျိုးတော့ မဖြစ်သင့်လို့ တာဝန်ရှိသူကို တိုင်ကြားပေမယ့် အရေးယူဆောင်ရွက်ပေးသေးတာမျိုး မရှိသေးဘူး”လို့ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်မတော်(AA) အကြားတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီးခဲ့တဲ့ နောက်ပိုင်း သြဂုတ်လ (၂၆ ) ရက်နေ့ညလောက်မှာပဲ သံထောင်ဗျူဟာစခန်းက စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်သားတွေလဲ ည တွင်းခြင်း စခန်းကိုစွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။
ပြီးနောက်ပလက်ဝမြို့နယ် သံထောင်ကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ (၂၇) ရက်နေ့ဝန်းကျင်မှာ ရက္ခိုင့်တပ်တော်AA က စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ သံထောင်ဗျူဟာတပ်စခန်းတွေ ရဲစခန်းတွေ ကို သိမ်းပိုက်လိုက်ပြီးနောက် အဲဒီမှာ တပ်စွဲထားတာဖြစ်ပါတယ်။
ပလက်ဝမြို့နယ်က သံထောင်ကျေးရွာဟာ အိမ်ခြေ (၁၅၀) ဝန်းကျင်ခန့်တည်ရှိတဲ့ ကျေးရွာလေး တစ်ခုလည်း ပါဖြစ်ပါတယ်။

Chin Word

0 comments:

Post a Comment