Monday, October 17, 2022

ဘဏ်တွေမှာ သံသယဖြစ်ဖွယ် ဘဏ် ငွေစာရင်းတွေကို ငွေသွင်းငွေထုတ် တားမြစ်ခြင်းနဲ့ အပြီးတိုင်ပိတ်သိမ်းခြင်းများ လုပ်နေ

ဘဏ်တွေမှာ သံသယဖြစ်ဖွယ် ဘဏ်ငွေစာရင်းတွေကို  ငွေသွင်းငွေထုတ် တားမြစ်ခြင်းနဲ့  အပြီးတိုင်ပိတ်သိမ်းခြင်းတွေကို လုပ်နေတယ်လို့    မြန်မာနိုင်ငံဘဏ်များအသင်းထုတ် ပြန်လိုက်ပါတယ်။

ဗဟိုဘဏ်မှတဆင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေအဖွဲ့မှ တောင်းခံလာသည့် ငွေကြေးခဝါချမှု။ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့်  ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေး အဖွဲ့  FIU နှင့် CBM တို့မှ ညွှန်ကြားချက်များအတိုင်း သံသယဖြစ်ဖွယ် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ ငွေစာရင်းများအား ယာယီငွေသွင်း၊ငွေထုတ် တားမြစ်ခြင်း၊ အပြီးတိုင် ငွေစာရင်း ပိတ်သိမ်း ခြင်းများကို မြန်မာနိုင်ငံ ဘဏ်များအသင်းရဲ့ အသင်းဝင် ဘဏ်တွေအနေနဲ့ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ 

ယင်းအပြင် တရားရုံး၏ ဆုံးဖြတ်ချက်အရ နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် ကိစ္စရပ်များကိုလည်း ညွှန်ကြားချက်အတိုင်း စာရင်းပိတ်သိမ်းဆည်းပြီး  နိုင်ငံတော်သို့အပ်နှံခြင်းများကိုလည်း ဆောင်ရွက်နေတယ်ဆိုပြီးတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


myanma platform

0 comments:

Post a Comment