Thursday, October 20, 2022

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေထိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်ရောက်လာသည့် မြန်မာနိုင်ငံသားများကို တာချီလိတ်မြို့တွင် ပြန်လည်ကြိုဆိုလက်ခံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြန်မာ - ထိုင်းချစ်ကြည်ရေး တံတား အမှတ်(၂)တွင် ယနေ့ စက်တင်ဘာလ (၂၁)ရက်နေ့၊ ​နံနက် (၉)နာရီအချိန်က ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၈၁)ဦးတို့ကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ပြန်လည်လွှဲပြောင်းပေးခဲ့ရာ မြန်မာနိုင်ငံ၊ တာချီလိတ်မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ လ.ဝ.က ဦးစီး အရာရှိ MR. SOMSAK SINGKHAN ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့်အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသော မြန်မာရွှေ့ပြောင်းအလုပ်သမား (၅၆)ဦးနှင့် ​နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၅)ဦး၊ စုစုပေါင်း (၈၁)ဦးတို့ကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ရာ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်လင်းအောင်၊ ခရိုင် လ.ဝ.က မှုး ဦးသန့်ဇင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော် နှင့် ခရိုင်/မြို့နယ်မှ ဌာနဆိုင်ရာများကြိုဆိုလက်ခံခဲ့ပြီး ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းနိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီးတပ်ဖွဲ့ဝင်များတို့က ကျန်းမာရေး စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ RDT (Test kit)ဖြင့် Covid-19 ပိုး ရှ်ိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရသည်။
လက်ခံထားရှိသည့် သူများအား စောင့်ကြည့်ကုသရေး Q Center ဖြစ်သည့် တာချီလိတ်မြို့နယ် ၊ ဝမ်လုံးကျေးရွာရှိ Q Center တွင်ထားရှိ၍ ကျန်းမာရေး စောင့်ရှောက်မှု ခံယူသွားရမည်ဖြစ်ပြီး ပိုးမတွေ့သူများအား Q center တွင် (၅)ရက်ခန့်ထားရှိကာ နှာခေါင်း အာခေါင် တို့ဖတ်များ ရယူ၍ PCR စက်ဖြင့် ထပ်မံ ဆေးစစ်ရာ ပိုးမတွေ့ပါက တိုင်းဒေသကြီး ပြည်နယ် အသီးသီးသို့ ပြန်နိုင်ရန် အခမဲ့ မော်တော်ယာဥ်များဖြင့် စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပြီး ယခုပြန်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား " ရွှေ့ပြောင်းအလုပ်သမားများထောက်ပံ့ကူညီရေးဗဟိုဌာန (MRC) " မှ တစ်ကိုယ်ရေသုံးပစ္စည်းများထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ ကျိုင်းတုံမြို့ရှိ ဝစီပိတ် ဆရာတော်၏ ဦးဆောင် လမ်းညွန်မှုအား ခံယူ၍ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့အထိ (၁၉)ကြိမ်မြောက်အဖြစ် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား စုစုပေါင်း (၃၀၆၂)ဦးနှင့် ယနေ့ (၂၀)ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံသား (၈၁)ဦးတို့ကို မြန်မာနိုင်ငံ၊ တာချီလိတ်မြို့သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ခရိုင်ဆေးရုံအုပ်ကြီး နှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း၊ ဌာနဆိုင်ရာ တာဝန်ရှိရှိသူများမှ နေရပ်ဒေသ အသီးသီးသို့ အဆင်ပြေချောမွေ့စွာပြန်နိုင်ရေးအတွက် မော်တော်ယာဥ်များ စီစဥ်ပေးခြင်း၊ နှာခေါင်းစည်း Masks များ မျှဝေပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment