Thursday, October 20, 2022

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံပြီး မတူညီမှုများကိုဖယ်ရှား၍ တူညီမှုများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အပြင် လက်ရှိကျင့်သုံးလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း နစက ဒုတိယဥက္ကဋ္ဌ ပြောကြာ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံ၍ မတူညီမှုများကိုဖယ်ရှား၍ တူညီမှုများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အ ပြင် လက်ရှိကျင့်သုံးလျက်ရှိသည့် ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သည့် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် နစကဒုတိယဥက္ကဋ္ဌက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးသမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးရသည့်အချိန်မှစတင်၍ ယနေ့အချိန်အထိ အစိုးရအဆက်ဆက် ပြောင်းလဲလာသော်လည်း လွတ်လပ်ရေးဆုံးရှုံးစဉ်ကာလတစ်လျှောက် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုများကြောင့် အယူဝါဒအရေး၊ တိုင်းရင်းသားအရေးနှင့် ဘာသာရေးအပေါ်အခြေခံသည့် မတူညီသော ခံယူချက်များနှင့် ယုံကြည်ချက် များသည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့ပြီး ယနေ့တိုင် တိုင်းပြည်သည် မတည်ငြိမ်မှု၏ ဆိုးမွေများကို ခံစားနေရဆဲဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌက ပြောကြား သည်။


ထို့ပြင် နိုင်ငံ၏ လွတ်လပ်ရေးသည် အလွယ်တကူရရှိခဲ့ခြင်း၊ အလွယ်တကူရယူနိုင်ခဲ့ခြင်းမဟုတ်ကြောင်း၊ လွတ်လပ်ရေး ဆုံးရှုံးသည့်ကာလမှ လွတ်လပ်ရေးပြန်လည် ရယူသည့်ကာလအထိ နှစ်ပေါင်း တစ်ရာ ကျော်မျှ မိမိတို့တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ အသက်၊ သွေးနှင့် ချွေးများ စွာ ရင်းနှီးပေးဆပ်ခဲ့ရကြောင်း၊ လွတ်လပ် ရေးဆုံးရှုံးရန် တစ်ရက်၊ တစ်မနက်နှင့် ဆုံးရှုံး သွားနိုင်သော်လည်း လွတ်လပ်ရေး ပြန်လည်ရယူနိုင်ရန် အရင်းအနှီးမြောက်များစွာရင်းနှီးပေးဆပ်ခဲ့ရကြောင်း၊ ထိုသို့ လွတ်လပ်ရေး ပြန်လည်ရယူရန် ကြိုးပမ်းရင်းနှီးပေးဆပ်ခဲ့ရသည်များကို မမေ့မပျောက်စေရန်နှင့် ရရှိပြီး အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲစေရန် ဦးတည်ပြီး (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရေးသည် မျိုးဆက်သစ် လူငယ်မောင်မယ်များအပါအဝင် မြန်မာနိုင်ငံသားများအားလုံး စဉ်ဆက်မပြတ် ထိန်းသိမ်းရန်တာဝန်ရှိသည်ဆိုသည့် ခံယူချက်၊ ယုံကြည်ချက်နှင့် စိတ်ဓာတ်များ ပေါ်ပေါက် ကိန်းဝပ်လာစေရန် ပုံဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

အလားတူ လွတ်လပ်ရေးကာလအတွင်း လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သည့် မတည်ငြိမ်မှုများ၊ မငြိမ်းချမ်းမှုများကြောင့် နိုင်ငံတော်အနေဖြင့် တိုးတက်သင့်သလောက် မတိုးတက်ခဲ့သည်များမှသည် တည်ငြိမ်အေးချမ်းမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုများ ရရှိခံစားနိုင်မည့်အခြေအနေအပြင် ထိုသို့ဖြစ်ပေါ် ပြောင်းလဲလာစေရေး ယနေ့နိုင်ငံတော်ဝန်ကြီးချုပ်က ချမှတ်ထားသည့် အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ်နှင့် ပြည်သူတစ်ရပ်လုံး လျှောက်လှမ်းပုံဖော်နေသည့် ပါတီစုံ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကိုလည်း ပုံဖော်ရမည်ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌက ဆိုသည်။

Eleven

0 comments:

Post a Comment