Tuesday, October 11, 2022

ရန်ကုန်တွင် 92 တစ်လီတာ၂၀၀၀ အောက်ပြန်ရောက်

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်တဲ့ အောက်တိုဘာ ၁၂ ရက် အတွက် စက်သုံးဆီဈေးနှုန်းတွေအရ ရန်ကုန်မှာ အောက်တိန်း 92 တစ်လီတာကို ၁၉၆၅ ကျပ်ရှိပြီး ကျပ်၂၀၀၀ အောက်ကို ပြန်ရောက်လာပါတယ်။

ရန်ကုန်မှာ အောက်တိန်း 92 တစ်လီတာကို ငါးရက်ဆက်တိုက် ကျပ်၂၀၀၀နဲ့အထက်မှာရှိခဲ့ရာကနေ အခုလက်ရှိ မှာတော့ ၂၀၀၀ အောက်ကို ပြန်ကျလာတာြဖစ်ပါတယ်။ ရန်ကုန်မှာ အောက်တိုဘာ ၁၂ ရက်အတွက် စက်သုံးဆီ ဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာကို ၁၉၆၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၀၃၀၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၆၃၀၊ ပရီမီယံဒီဇယ်တစ်လီတာကို ၂၇၁၅ ကျပ်ရှိပါတယ်။
ဒီဈေးနှုန်းတွေဟာ အရင်နေ့ကဈေးနှုန်းတွေနဲ့ယှဉ်ကြည့်ရင် အောက်တိန်း 92 တစ်လီတာကို ကျပ် ၆၀၊ အောက်တိန်း 95 တစ်လီတာကို ကျပ် ၅၀၊ ရိုးရိုးဒီဇယ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ကျပ် ၁၇၀ စီ ဈေးကျသွားတာဖြစ်ပါတယ်။

One News

0 comments:

Post a Comment