Thursday, October 6, 2022

ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းရဲစခန်း တိုက်ခိုက်ခံရ


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကင်းမွန်းချောင်းကျေး ရွာရှိ ကင်မွန်းချောင်းရဲစခန်း အောက်တိုဘာလ ၅ ရက် နံနက် ၁၀နာရီ ဝန်းကျင်တွင်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
ကျိုက်ထီးရိုးတောင်ခြေရှိ စစ်ကောင်စီလက်‌အောက်ခံ ကင်မွန်ချောင်းရဲစခန်းအား လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုအား သိရခြင်းမရှိသေးကြောင်း ဒေသခံတဦးမှပြော သည်။
"လက်နက်ကြီးအပြင်ဒရုန်းနဲ့ပါပစ်တယ်လို့ထင်ရတယ်၊ ကျိုက်ထီးရိုးတောင်ခြေဆိုတော့ ဒေသခံဈေးသည်တွေ၊ စျေးဆိုင်ကလူတွေလည်းထပြေးကြတာ၊ ဒရုန်းကနေချတယ်လို့ထင်ရတဲ့ဗုံးက ရဲစခန်းဝင်းထဲကျသွားတယ်၊ ထိခိုက်တာတွေတော့ကျွန် တော်တို့လဲမသိရသေးဘူး" ဟု ကျိုက်ထိုဒေသခံ အမျိုးသားတဦးမှ ဧရာဝတီတိုင်းကို ပြောသည်။
ရဲစခန်းဘက်မှပြန်လည်ပစ်ခတ်မှုများ ရှိခဲ့ခြင်းကြောင့် မိနစ် ၃၀ ဝန်းကျင် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီး ဒေသခံဈေးသည်များ၊ ဘုရားဖူးလာရောက်သူများမှ အရေးပေါ်ရှောင်တိမ်းမှုများပြုလုပ်ခဲ့ရသည်ဟု သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်းတွင် KNLA ၊ PDF ပူးပေါင်း တပ်ဖွဲ့များလှုပ်ရှားနေခြင်းဖြစ်ဖြစ်ပြီး အဆိုပါတပ်ဖွဲ့များက စစ်အုပ်စုလက်အောက်ခံရဲစခန်းအား တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောဆိုသည်။
အောက်တိုဘာလ ၁ ရက်နေ့တွင်လည်း ကင်းမွန်းချောင်းလမ်းဆုံရှိ စစ်ကောင်စီဂိတ်စခန်းတစ်ခုဖြစ်သည့် ဝင်းကလေားဂိတ်အား ဒေသခံကာကွယ်ရေးတပ်များမှ ဝင်ရောက်စီးနင်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထွက်ပြေးဆုတ်ခွာခဲ့ရကြောင်း သိရပါသည်။

0 comments:

Post a Comment