Thursday, October 20, 2022

သီလဝါဆိပ်ကမ်း၌ စက်သုံးဆီဂါလန် ၁၁ သန်းနီးပါးဆီချနေကာ ရန်ကုန်သီလဝါဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း ထုတ်ပြန်

သီလဝါဆိပ်ကမ်း၌ စက်သုံးဆီဂါလန် ၁၁ သန်းနီးပါးဆီချနေကာ ရန်ကုန်သီလဝါ ဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီ အ ရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့်  စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိ စေရေးစိစစ် တင်သွင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal  များတွင် MT Glory Star သင်္ဘောသည် ပရီမီယံဒီဇယ်ဆီ ၁ ဒသမ ၃၉ ဂါလန်သန်း ဆီချခဲ့သည်။

 ဓာတ်ဆီ 92 Ron ၀ ဒသမ ၅၀ ဂါလန် သန်းနှင့် ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၁၂ ဂါလန် သန်းတင်ဆောင်လာသည့် MT Fly Marlin သင်္ဘော၊ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၇၃ ဂါလန် သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၅၅ ဂါလန်သန်းတင်ဆောင်လာသည့် MT Beluga Pacific သင်္ဘောနှင့် ဓာတ်ဆီ 92 Ron ၁ ဒသမ ၈၄ ဂါလန်သန်း၊ ရိုးရိုးဒီဇယ်ဆီ ၂ ဒသ မ ၁၄ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၁ ဒသမ ၀၆ ဂါလန်သန်း တင်ဆောင်လာသည့် MT Yu Hai သင်္ဘောတို့သည် အောက်တိုဘာ ၁၉ ရက်တွင် သက်ဆိုင်ရာ Terminal များသို့ ဆိုက်ကပ်ပြီး ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်သီလဝါဆီလှောင်ကန်လက် ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စိစစ်တွေ့ရှိရကြောင်း၊ စက်သုံးဆီ စျေးနှုန်းများအနေဖြင့် ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့စက်သုံးဆီ စျေးနှုန်း အနည်းငယ်မြင့်တက်လာသော်လည်း ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ သိသိသာသာပြောင်းလဲမှုမရှိကြောင်း သိရ သည်။

စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့်  စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှု ရှိစေရေးစိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၇ ရက်က ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT ARDBEG သင်္ဘောသည် ဓာတ်ဆီ 92 Ron သုည ဒသမ ၄၂ဂါလန် သန်းနှင့်ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၈၀ ဂါလန် သန်းကိုလည်းကောင်း၊ MT Glory Star သင်္ဘောသည်ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၂၂ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၁ ဒသမ ၅၀ ဂါလန်သန်းကိုလည်းကောင်း ဆီချလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

ပြည်တွင်းစက်သုံးဆီစျေးနှုန်းများအနေဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၌ ဒီဇယ်တစ်လီ တာလျှင် ကျပ် ၂၆၀၀၊ အောက်တိန်း 92 တစ်လီတာလျှင်၁၉၃၅  ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၀၀၀ ကျပ်ရှိခဲ့သည်။

အောက်တိုဘာ ၁၁ ရက်က ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၈၀၀၊ အောက်တိန်း92 တစ်လီတာလျှင်၂၀၂၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၀၈၀ ကျပ်ရှိခဲ့သည်။

အောက်တိုဘာ ၁ ရက်က ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၆၀၊ အောက်တိန်း 92 တစ်လီတာလျှင်၂၀၄၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၁၁၅ ကျပ်ရှိခဲ့သည်။

စက်တင်ဘာ ၂၄ ရက်က ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၆၄၅၊ အောက်တိန်း92 တစ်လီတာလျှင်၂၁၅၀ ကျပ်၊ အောက်တိန်း95 တစ်လီတာလျှင် ၂၂၂၅ ကျပ်ရှိခဲ့သည်။

လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းစျေးနှုန်းများကို ထုတ်ပြန်ပေးလျက်ရှိရာ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ငွေလဲနှုန်းကို ပုံသေထား၍ စင်ကာပူနိုင်ငံမှ နေ့စဉ်ထုတ်ပြန်သော MOPS စျေးနှုန်း၊ Premium ၊ အလျော့တွက်၊ အမြတ်ရာခိုင်နှုန်း၊ သယ်ယူစရိတ်(Transport Charges) တို့ကို အခြေခံကာတွက်ချက်ထုတ်ပြန်ပေးခြင်းဖြစ်သည်။                        

လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်း ချဖြန့်ဖြူးရေးအသင်းနှင့် ပူးပေါင်း၍ သက် ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များ၏ မြို့နယ်များအလိုက် စက်သုံးဆီလိုအပ်ချက်များအတွက် စက်သုံးဆီလက်ကျန်အပေါ်မူတည်၍ ခွဲဝေဖြန့်ဖြူးပေးလျက်ရှိသည်။


Eleven 

0 comments:

Post a Comment