Wednesday, October 5, 2022

ပူးမားစွမ်းအင်ကုမ္ပဏီ မြန်မာနိုင်ငံကနေ အပြီးအပိုင်ထွက်ခွာ

စင်ကာပူအခြေစိုက် ပူးမား စွမ်းအင်ကုမ္ပဏီ မြန်မာနိုင်ငံက အပြီးတိုင်ထွက်ခွာတော့မယ်လို့ ကုမ္ပဏီဘက်က အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်လာခဲ့ပါတယ်။

၄င်းတို့ရဲ့လေယာဥ်ဆီတွေကို စစ်ကောင်စီက သုံးစွဲနိုင်တယ်ဆိုတဲ့ယူဆချက်တွေ အရပ်ဖက်အဖွဲ့အစည်းတွေကြား စိုးရိမ်မှုတွေရှိနေချိန်မှာပြ ပူးမားရဲ့ ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။
ဒီနှစ်အေစာပိုင်းမှာ မြန်မာနိုင်ငံက ထွက်ခွာဖို့ ဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်အရ ပူးမားစွမ်းအင်ကုမ္ပဏီဟာ Puma Energy Asia Sun (PEAS) နဲ့ National Energy Puma Aviation Services (NEPAS) က အစုရှယ်ယာတွေကို ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီထံ ရောင်းချရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့ က ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ပြည်တွင်းကုမ္ပဏီတစ်ခုလို့သာပါရှိပြီး ဘယ်ကုမ္ပဏီဆိုတာတော့ ဖော်ပြထားတာမရှိသေးပါဘူး။
ပူးမားစွမ်းအင်ကုမ္ပဏီဟာ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံမှာ စတင်လည်ပတ်ခဲ့တာဖြစ်ပြီး နိုင်ငံရဲ့လေယာဥ်လောင်စာဆီကို အဓိကထောက်ပံ့ပေးနေတာဖြစ်ပါတယ်။
အခု မြန်မာနိုင်ငံက ထွက်ခွာမယ့်ဆုံးဖြတ်ချက်ဟာ မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လပေါင်း ၂၀ ခန့်အကြာမှာ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကာလတုန်းက ကုမ္ပဏီအနေနဲ့ လုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းထားမယ်လို့ ဆိုခဲ့ပြီးနောက်ပိုင်းမှာတော့ အများပြည်သူအတွက် ပြည်တွင်းမှာ လုပ်ငန်းလည်ပတ်မှုတွေကို ပြန်လည်စတင်ခဲ့ပါတယ်။
ပူးမားဟာ ရှက်ဗရွန် နဲ့တိုတယ်ပြီးရင် မြန်မာနိုင်ငံတွင်းက နေ ထွက်ခွာသွားတဲ့ နောက်ဆုံးလက်ကျန် စွမ်းအင်ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

BBC

0 comments:

Post a Comment