Wednesday, October 26, 2022

သထုံမြို့နယ်တွင် ငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်များနှင့်လက်နက်ခဲယမ်းများဖမ်းမိ

မွန်ပြည်နယ်၊သထုံမြို့နယ်တွင် ၆ ဘီးကုန်တင်ကားပေါ်မှ ငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်များနှင့်ဆက်စပ်သူများအား အောက်တိုဘာ ၁၉ ရက်ညနေပိုင်းက လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ယင်းနေ့ညနေ ၄ နာရီခွဲခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူး ပေါင်းအဖွဲ့သည် သထုံမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်း၏ မိုင်တိုင်အမှတ်(၁၄၅/၆) အနီးတွင် ကျိုက်ထိုဘက်မှမြဝတီဘက်သို့ သိန်းကို မောင်းကာ ရန်နိုင်ထွန်း လိုက်လာသည့် Canter ၆ ဘီးကားအား သတင်းအရရှာဖွေခဲ့ကြသည်။
ကားပေါ်မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှကရင် ပြည်နယ်သို့ သယ်ဆောင်လာသည့် ငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(၄၇၀ ကီလို) အား ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်အရ အိုက်စ်များသယ်ဆောင်ရာ တွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ပါကျဲ(ခ)စိုးလင်းထွန်းအား ပြင်ဦးလွင်မြို့နယ်၊ စိန်ပန်းကျေး ရွာ၊ ကိုစိုင်း(ခ)စောဇာနည်မောင်နှင့်မျိုးအောင်(ခ) ဟော့ထင်ခန်တို့အား မြဝတီမြို့နယ်၊သင်္ဃန်းညီ နောင်ကျေးရွာတွင် GIOCK 9 MM ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ 9 MM ကျည် ၂၃ တောင့်၊ အားဝေ(ခ)လောက်ဆန်းနှင့်သက်ဦး(ခ) စောသက်ဦးတို့အား ဘားအံမြို့နယ်၊မဲဘောင်ကျေးရွာတို့တွင် အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

Popular

0 comments:

Post a Comment