Wednesday, October 5, 2022

Yangon Water Bus ကို ယနေ့ ပြန်လည်ပြေးဆွဲ


ကိုဗစ်ကြောင့် ၂ နှစ်ကျော် ရပ်နားခဲ့ရသည့် Yangon Water Bus ကို ယနေ့ (အောက်တိုဘာ ၆) ရက်တွင် ပြန်လည်ပြေးဆွဲမှု စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
လောင်စာဆီ ဈေးနှုန်း ကြီးမြင့်လာခဲ့သည့်အတွက် ဆီစားနှုန်းသက်သာသည့် Yangon Water Bus ကိုဖြည့်တင်းထားပြီး ကနဦးအနေဖြင့် Yangon Water Bus နှစ်စင်းဖြင့် ပြေးဆွဲမည်ဖြစ်ကာ စီးနင်းခများအနေဖြင့် ယခင်က တစ်ယောက်လျင် ၃၀၀ ကျပ် သတ်မှတ်ခဲ့ရာမှ ယခုအခါ ၅၀၀ ကျပ် သတ်မှတ်ထားသည်ဟု သိရသည်။
"လှေသမ္ဗာန် ပြေးဆွဲတဲ့ သူတွေနဲ့လည်း မျှတတဲ့ဈေးဖြစ်အောင် ၊ ဆီဈေးတက်နေပေမဲ့လည်း ခရီးသည်တွေအနေနဲ့ သင့်တော်တဲ့ ဈေးနှုန်းဖြစ်အောင် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်" ဟု Yangon Water Bus တည်ထောင်သူ ဒေါ်တင့်တင့်လွင်က ပြောသည်။
နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ကျောင်းသားကျောင်းသူများ ၊ ရုံးလုပ်ငန်းလုပ်ကိုင်သူများနှင့် ခရီးသွားသူများအတွက် ပြေးဆွဲပေးခြင်းဖြစ်ပြီး နေ့လယ်ပိုင်းတွင် ခဏရပ်နားထားမည်ဟု သိရသည်။
အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် Sunset ကြည့်သည့် ခရီးစဉ်များနှင့် တွံတေးကို သွားသည့် ခရီးစဉ်ကို ထည့်သွင်းသွားမည်ဖြစ်ပြီး သံလျင်ကိုပြေးနေသည့် ခရီးစဉ်ကို ရပ်ထားမည်ဟု ဆိုသည်။
Yangon Water Bus ကို၂၀၁၇ ခုနှစ် အောက်တိုဘာလ ၆ ရက်က ရန်ကုန်တွင်ရှိသည့် ဆိပ်ကမ်း (၇) ခုမှ Water Bus (၅) စင်းဖြင့် ခရီးစဉ်လမ်းကြောင်းအနေဖြင့် ဗိုလ်တထောင်ဆိပ်ကမ်း၊ လမ်းသစ်ဆိပ်ကမ်း၊ ကြည့်မြင်တိုင်ဆိပ်ကမ်း၊ ရွှေပိတောက်ဆိပ်ကမ်း နှင့် အင်းစိန်ဆိပ်ကမ်းများကို ပြေးဆွဲပေးခဲ့ပြီး ယခုပြန်လည် ပြေးဆွဲရာတွင် လမ်းမတော်လမ်းသစ်ဆိပ်ကမ်းမှ ဆာပါချောင် နှင့် တွံတေး သို့ ပြေးဆွဲမည်ဟု သိရသည်။

Popular

0 comments:

Post a Comment