Wednesday, October 5, 2022

မန္တလေးမြို့မှာ ဆေးဆိုင်တစ်ဆိုင် အနုကြမ်းစီးခံရပြီး အမျိုးသမီး ၂ဦး အသတ်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၂လမ်းနဲ့ ၁၁၈လမ်းအနီးက ဆေးဆိုင်တစ်ဆိုင်ဟာ ဒီကနေ့မနက်ပိုင်းအစောပိုင်း ၅နာရီကျော်ခန့်က အနုကြမ်းစီးခံရပြီး ဆေးဆိုင်အတွင်းက အမျိုးသမီး၂ဦး အသတ်ခံလိုက်ရတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရဲနဲ့နီးစပ်သူတဦးကတော့ "ဖြစ်စဥ်က ဟုတ်ပါတယ်၊ မနက်အစောကြီး ဆေး၀ယ်ချင်တယ်ပြောပြီး တံခါးဖွင့်ခိုင်းလို့ ဖွင့်ပေးလိုက်ချိန် ဖြစ်တယ်လို့ ကနဦးသိရတယ်၊ အခုတော့ သက်ဆိုင်ရာ မူခင်းရဲတပ်ဖွဲ့က စစ်နေတုန်းပါပဲ"လို့ ပြောပါတယ်။
အသတ်ခံရသူ အမျိုးသမီး၂ဦးဟာ အသက်ကြီး အမျိုးသမီး၁ဦးနဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီး၁ဦးတို့ဖြစ်တယ်လို့ သိရပြီး အနုကြမ်းစီးခံရတာကြောင့် ဘာပစ္စည်းတွေ ပါသွားသလဲဆိုတာကိုတော့ VOMအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ရက် ညပိုင်းကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်းနဲ့ ၁၂၈ လမ်းထောင့်နားမှာ ကားလုယူခံရပြီး အလောင်းကို လမ်းဘေးစွန့်ပစ်ခဲ့တဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ကာ ကျူးလွန်သူတရားခံကို နောက်တစ်ရက် ရှမ်းပြည်နယ်ဘက်မှာ ဖမ်းဆီးရမိခဲ့တာလည်း ရှိခဲ့ပါတယ်။

0 comments:

Post a Comment