Tuesday, October 11, 2022

အသက်ကြီးလာပြီး ကျန်းမာရေးနှင့်လူမှုရေး အခက်အခဲများကြောင့် UBP ပါတီ ဖျက်သိမ်းဟု သူရရွှေမန်း ကြေညာ


သူရရွှေမန်း ဦးဆောင်သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP မှ ဗဟို အလုပ်အမှု ဆောင်အဖွဲ့များသည် အသက်ကြီးလာခြင်း၊ ကျန်းမာရေးနှင့် လူမှုရေးအခက်အခဲများကြောင့် ပါတီကို ဖျက်သိမ်းရန် ဆုံးဖြတ် သဘောတူလိုက်ကြောင်း ဥက္ကဋ္ဌ သူရရွှေမန်းက တရားဝင်ကြေညာသည်။
အောက်တိုဘာလ ၁၁ ရက်နေ့တွင် UBP ပါတီကို ဖျက်သိမ်းရန် စီစဉ်ဆောင် ရွက်နေခြင်းဖြစ်ပြီး ပါတီတည်ထောင်စဉ် အချိန် ကူညီပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်သည်ဟု သူရရွှေမန်း၏ ကြေညာချက်တွင် ရေးသားထားသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ -UBP ကို သူရရွှေမန်းက ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် တရားဝင် ဖွဲ့ စည်း တည်ထောင်ခဲ့ပြီး ၃ နှစ်ကျော်အကြာ တွင် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
သူရရွှေမန်းသည် သန်းရွှေခေတ်တွင် ဗိုလ်ချုပ်ကြီးရာထူးဖြင့် နံပါတ် ၃ စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

khitthit


0 comments:

Post a Comment