Monday, October 17, 2022

ဘားအံစက်မှုဇုန်ရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမူစက်ရုံသို့ နစက ဥက္ကဋ္ဌသွားရောက်ကြည့်ရှု

နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ဘားအံမြို့ ဘားအံစက်မှုဇုန်ရှိ Bajaj အမှတ်တံဆိပ်သုံးဘီးမော်တော် ယာဉ်နှင့်မော်တော်ယာဥ်များတပ်ဆင်ထုတ်လုပ်သည့် Precision Auto Engineering Co.,Ltd သို့သွားရောက်ကြည့်ရှုခဲ့သည်။

ကုမ္ပဏီတာဝန်ရှိသူများက ရှင်းလင်းဆောင်၌ မြန်မာနိုင်ငံရှိ ဒေ သအားလုံးသို့ Bajaj အမှတ်တံဆိပ် သုံးဘီးမော်တော်ယာဉ်များရောင်းချပေးလျက်ရှိမှု၊လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုနှင့်ပရဟိတလူထုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိမူတို့ကို  ရှင်းလင်းတင်ပြပြီးနောက်မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှုတို့ကိုလိုက်လံပြသခဲ့သည်။

ဘားအံစက်မှုဇုန်ရှိ Precision Auto Engineering Co.,Ltd သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိရသည်။


Popular

0 comments:

Post a Comment