Wednesday, October 26, 2022

တရုတ်ကို မြန်မာကုမ္ပဏီ ၁၁၀ ကျော်ကနေ ပြောင်းဖူး တန်ချိန် ၁၀၀၀ ကျော် တင်ပို့နေပြီလို့ သံရုံး ထုတ်ပြန်

တရုတ်ကို မြန်မာကုမ္ပဏီ ၁၁၀ ကျော်ကနေ ပြောင်းဖူး တန်ချိန် ၁၀၀၀ ကျော် တင်ပို့နေပြီလို့ မြန်မာရှိ တရုတ်သံရုံးက ပြောပါတယ်။ 

ယခုနှစ်ဇန်နဝါရီလမှစ၍ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က “မြန်မာ့ပြောင်းဖူးများ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရေးအတွက် တရုတ်-မြန်မာနှစ်နိုင်ငံ Plant Quarantine Protocol” လက်မှတ်ရေးထိုးခဲ့ပြီးကတည်းက မြန်မာကုမ္ပဏီပေါင်း ၁၁၂ ခုသည် တရုတ်နိုင်ငံသို့ ပြောင်းဖူးတင်ပို့ခွင့်နေတာဖြစ်တယ်လို့ သံရုံးက ပြောပါတယ်။ 

ကနဦးကာလတွင် မြန်မာပြောင်းဖူး တန်ချိန်ပေါင်း ၁၀၀၀ ကျော် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီးလို့ လည်းဆိုပါတယ်။ 

 မြန်မာပြောင်းဖူးများ တရုတ်နိုင်ငံသို့တင်ပို့မှုပမာဏတိုးများလာသည်နှင့်အမျှ မြန်မာ တောင်သူများ ဝင်ငွေတိုးကြီးပွားလာစေရန် လက်တွေ့ကျကျ ကူညီပေးခြင်းဖြစ်တယ်လို့ လည်း သံရုံးက ထုတ်ပြန်ထားပါတယ်။ 


MyanmaPlatform

0 comments:

Post a Comment