Monday, October 17, 2022

လုံခြုံရေး တင်းကျပ်ထားသည့် ဟားခါးမြို့ စုပေါင်းရုံး မီးလောင်

ချင်းပြည်နယ်၊ ဟားခါးမြို့ ၊ ချင်းဦးစီး ရပ်ကွက်၌ရှိသည့် စုပေါင်းရုံးအဆောက် အအုံမှာ ယနေ့ နံနက် ၁ နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၁ နာရီဝန်းကျင်က အဆိုပါ ချင်းဦးစီးရပ် ကွက်အတွင်း ပစ်ခတ်သံများ ကြားရပြီး နောက်ပိုင်း ထိုသို့ ရုံးမီးလောင်ခြင်း ဖြစ်ကြောင်း မြို့ခံများက ပြော သည်။
ဟားခါး မြို့ခံတဦးက "မီးလောင်သွားတဲ့ စုပေါင်းရုံးက အရင်တုန်းက ပယက (ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ရုံး ဘေးနားမှာ သူတို့ စုပေါင်းရုံး တည်ဆောက်ထားတာ။ မနေ့က ညဉ့် ၁ နာရီဝန်းကျင်လောက်မှာ သေနတ်ပစ်ခတ်သံတွေ ကြားတယ်။ အပြန်အလှန် ပစ်ခတ်တာလား။ တိုက်ပွဲ ဖြစ်တာလားဆိုတာတော့ မသိဘူး။ ဒီနေ့မနက်မှာပဲ စုစုပေါင်းရုံး မီးလောင်တာကို မြင်ရတာ" ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ စုပေါင်းရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများအပြင် ထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၊ လဝက ဝန်ထမ်းများနှင့် စုပေါင်း ရုံးထိုင်ပြီး မီးလောင်မှုကြောင့် ရုံးပစ္စည်းအများပြား ဆုံးရှုံးနိုင်ခြေရှိပြီး လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားများ လုံခြုံရေး ပို၍ တင်းကျပ်ထားကြောင်းလည်း မြို့ခံများက ပြောသည်။
အောက်တိုဘာလ ၂ ရက် ညပိုင်းတွင်လည်း အဆိုပါ ချင်းဦးစီး ရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီရုံး မီးလောင်မှုတခု ဖြစ်ပွားခဲ့သည်။




ဓာတ်ပုံ- CJ
ဧရာဝတီ

0 comments:

Post a Comment