Wednesday, October 26, 2022

မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဂျာကာတာမြို့မှာ အရေးအပေါ် အစည်းအဝေး ယနေ့ ပြုလုပ်မည်

ယနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ မြန်မာ့အရေးအတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အရေးပေါ် အစည်း အဝေး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အဆိုပါ အစည်းအဝေးကို တော့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ဦးဆောင် ပြုလုပ်မှာဖြစ်ပြီး ယင်းအစည်းအဝေးမှာတော့ လာမည့် အာဆီယံထိပ်သီးအစည်းအဝေးမှာအမျိုးသား ညီညွတ်ရေး အစိုးရ NUG ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်ပြုရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့လည်း ရှိတယ်လို့ ဂျာကာတာပို့စ် သတင်းမှာတော့‌ဖော်ပြထားပါတယ်။
ယင်းအစည်းအဝေးကိုတော့ မြန်မာဘက်က ကိုယ်စားလှယ်တွေကို တက်ရောက်ဖို့ ဖိတ်ကြားထားတာမျိုးလည်းမရှိဘူးလို့ဆိုပါတယ်။
လာမည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်မည့် အာဆီယံ ထိပ်သီး ညီလာခံ မတိုင်ခင် မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အထူးအစည်းအဝေးလည်းဖြစ်ပြီး ယင်းအစည်းအဝေးမှာ မြန်မာအတွက် ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေ ဘယ်လောက် တိုးတက်မှုရှိ သလဲဆိုတာကို သုံးသပ်ဆွေးနွေးကြလိမ့်မယ်လို့ ဒေသတွင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။
လာမယ့် အာဆီယံထိပ်သီးညီလာခံကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပမှာ ဖြစ်ပြီး အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယား နိုင်ငံကတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့အပေါ် အလွန်အမင်း စိုးရိမ်ကြောင်းနဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ သတိပေးပြောဆိုထားပါတယ်။

MyanmaPlatform

0 comments:

Post a Comment