Thursday, October 20, 2022

ဒီပါဝလီနေ့ ရန်ကုန်-မန္တလေး အထူးရထား ပြေးဆွဲပေးမယ်

လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့ ဒီပါဝလီနေ့မှာ ရန်ကုန်-မန္တလေး အထူးရထားပြေးဆွဲပေးဖို့ စီစဉ်ထားတယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။
ရန်ကုန်-မန္တလေး အထူးရထားကို အပတ်စဉ် သောကြာနဲ့ တနင်္ဂနွေတို့မှာ ပြေးဆွဲပေးနေပေမယ့် ရုံးပိတ်ရက် သုံးရက်ဆက်တိုက်ဖြစ်လို့ အမှတ် ၅ အဆန်နှင့် ၆ အစုန် ရန်ကုန်-မန္တလေး လေအိတ်ရထား နှစ်စင်းကို တနင်္လာနေ့ဖြစ်တဲ့ အောက်တိုဘာ ၂၄ ရက်မှာ အထူးရထားအဖြစ် တစ်ရက်ပိုမိုပြေးဆွဲပေးတာဖြစ်တယ်လို့ သိရပါတယ်။
ရထားလက်မှတ်တွေကို ယခင်ပုံမှန်အစီအစဉ်အတိုင်းရောင်းချနေပြီး လမ်းခရီးမှာလည်း အရင်အတိုင်း ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ သာစည် စတဲ့ ဘူတာ ၅ဘူတာမှာ ရပ်နားပေးမယ်လို့ သိရပါတယ်။

MyanmaPlatform

0 comments:

Post a Comment