Monday, October 17, 2022

ရန်ကုန်ဆိပ်ကမ်း၌ စက်သုံးဆီနှင့်စားသုံဆီတင်သင်္ဘောများအပါအဝင် သင်္ဘော ၂၃ စီးဆိုက်ကပ်၍ ကုန်တင်ကုန်ချလုပ်ငန်းများဆောင်ရွက်နေ

နိုင်ငံတကာကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာခဲ့သဖြင့် ရန်ကုန်ဆိပ်ကမ်းမှတဆင့် နိုင်ငံတကာသို့ ပင်လယ်ရေကြောင်းမှ ပို့ကုန်များတင်ပို့လျက်ရှိသည်။
ကုန်သေတ္တာတင်သင်္ဘောများဖြင့် ဓာတ်မြေဩဇာအမျိုးမျိုး၊အထည်အလိပ်၊ဆေးနှင့်ဆေးပစ္စည်း၊စားသောက်ကုန်၊လျှပ်စစ်ပစ္စည်း၊စက်နှင့်ဆက်စပ်ပစ္စည်း၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ကော်စေ့ တို့အားတင်သွင်းလျက်ရှိသည်။
ရေထွက်ကုန်၊ချုပ်ပြီးအဝတ် အထည်၊ကောက်ပဲ သီးနှံထွက်ကုန်၊သစ်တောထွက်ကုန်နှင့်ရာဘာတို့အား မြန်မာနိုင်ငံမှ ပြန်လည်တင်ပို့လျက်ရှိသည်။
အောက်တိုဘာလတွင် ဝင်ရောက်ရန်လျာထားသည့် ကုန်သေတ္တာတင်သင်္ဘောများအနက် ယနေ့အထိ သင်္ဘောစီးရေ ၅၅ ရာခိုင်နှုန်းကျော် ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
ထို့ပြင် ရန်ကုန်ဆိပ်ကမ်း၌ ကုန်သေတ္တာတင် သ င်္ဘော ၂ စီး၊ အထွေထွေကုန်စည်တင်သင်္ဘော ၁၅ စီး၊ စက်သုံးဆီသင်္ဘော ၅ စီးနှင့်စားသုံးဆီ သင်္ဘော ၁ စီး(စုစုပေါင်းသင်္ဘော ၂၃ စီး)ဆိုက် ကပ်၍ ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့ပို့ကုန် ဆန်နှင့်လယ်ယာထွက်ကုန် ကောက် ပဲသီးနှံများအား ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်း ချရာတွင် ပမာဏများသည့် ပို့ကုန်များကို ကုန်သေတ္တာတင်သင်္ဘောများအပြင် အထွေထွေကုန်စည်တင်သင်္ဘောများဖြင့်လည်း သင်္ဘောစင်းလိုက်ငှားရမ်းပို့ဆောင်လျက်ရှိသည်။
ထိုသို့ ပို့ဆောင်ရာ၌ ယနေ့တွင် အရှေ့တောင်အာရှနှင့်ဥရောပသို့ ဆန်တင်သင်္ဘော ၃ စီး၊ပြောင်းဆန်တင်သင်္ဘော ၄ စီး၊အထွေထွေကုန်တင်သင်္ဘော ၁၅ စီးဖြင့် ကုန်ပစ္စည်းများ တင်ပို့လျက်ရှိသည်။
ဓာတ်မြေသြဇာများ၊ဘိလပ်မြေများ၊ စက်ယန္တ ရားကြီးများ၊စက်သုံးဆီနှင့်စားသုံးဆီများ တင် ဆောင်လာသည့် သင်္ဘောများမှာလည်း သီလဝါနှင့်ရန်ကုန်ဆိပ်ကမ်းများတွင်ဆိုက်ကပ်၍ ကုန်ချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုအနေဖြင့် ပွင့်လင်းရာသီရောက်သည်နှင့်ရေကြောင်းသယ်ယူပို့ဆောင်မှုကောင်းမွန်လာကာ သင်္ဘောကြီးများ ပိုမိုဝင်ရောက်လာပြီး မြန်မာ့ထွက်ကုန်များကို နိုင်ငံတကာသို့ တိုးတက်ပို့ဆောင်လျက်ရှိသည်။

Popular

0 comments:

Post a Comment